Saturday, March 31, 2012

ကျွန်းစုမြို့နယ် NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီမှ အရွေးချယ်ခံမည့် ဦးချစ်သန်း၏ပိုစတာအား စုတ်ဖြဲခြင်း

၂၀၁၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ မိုင်းထွေးကျေးရွာ ရွာလယ်တံတားတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် ဦးချစ်သန်း၏ပိုစတာအား NLD ပါတီ၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြသော ဦးဝင်းဇော် (ဘ) ဦးထွန်းငွေ၊ မှတ်ပုံတင်အမှတ် ၆/ကစန (နိုင်) ၀၄၈၆၁၇ နှင့် ဦးအောင်မဲ (ဘ) ဦးဘဆွေ၊ မှတ်ပုံတင်အမှတ် ၆/မအရ (နိုင်) ၀၅၃၅၃၂ တို့သည် ပိုစတာအား ခွါယူပြီး စုတ်ဖြဲကာ၊ ခြေဖြင့်နှင်းချေပြီးနောက် ရေထဲသို့ လွှင့်ပစ်လိုက်သည်ဟု သိရှိရပါသည်။
၎င်းလုပ်ရပ်သည် NLD ပါတီဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေများအား ချိုးဖောက်ခြင်း၊ NLD ပါတီ၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းအောင်ပြုလုပ်ခြင်း၊ စည်းကမ်းမဲ့စွာဖြင့် မထေမဲ့မြင်ပြုလုပ်သော လုပ်ရပ် များဖြစ်သောကြောင့် NLD ပါတီအကြီးအကဲများအနေဖြင့် ပါတီ၏ဂုဏ်သိက္ခာထိခိုက်မှု မရှိရအောင် ပြုပြင်ထိန်းသိမ်းပေးပါရန် အသိပေးတင်ပြအပ်ပါသည်။