Saturday, March 31, 2012

ကျွန်းစုမြို့နယ် NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီမှ အရွေးချယ်ခံမည့် ဦးချစ်သန်း၏ပိုစတာအား စုတ်ဖြဲခြင်း

၂၀၁၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ မိုင်းထွေးကျေးရွာ ရွာလယ်တံတားတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် ဦးချစ်သန်း၏ပိုစတာအား NLD ပါတီ၏ ခေါင်းဆောင်ပိုင်းများဖြစ်ကြသော ဦးဝင်းဇော် (ဘ) ဦးထွန်းငွေ၊ မှတ်ပုံတင်အမှတ် ၆/ကစန (နိုင်) ၀၄၈၆၁၇ နှင့် ဦးအောင်မဲ (ဘ) ဦးဘဆွေ၊ မှတ်ပုံတင်အမှတ် ၆/မအရ (နိုင်) ၀၅၃၅၃၂ တို့သည် ပိုစတာအား ခွါယူပြီး စုတ်ဖြဲကာ၊ ခြေဖြင့်နှင်းချေပြီးနောက် ရေထဲသို့ လွှင့်ပစ်လိုက်သည်ဟု သိရှိရပါသည်။
၎င်းလုပ်ရပ်သည် NLD ပါတီဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေများအား ချိုးဖောက်ခြင်း၊ NLD ပါတီ၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းအောင်ပြုလုပ်ခြင်း၊ စည်းကမ်းမဲ့စွာဖြင့် မထေမဲ့မြင်ပြုလုပ်သော လုပ်ရပ် များဖြစ်သောကြောင့် NLD ပါတီအကြီးအကဲများအနေဖြင့် ပါတီ၏ဂုဏ်သိက္ခာထိခိုက်မှု မရှိရအောင် ပြုပြင်ထိန်းသိမ်းပေးပါရန် အသိပေးတင်ပြအပ်ပါသည်။

Wednesday, March 28, 2012

♣ NLD ပါတီဝင်များနှင့် မြန်မာလူမျိုးများ သတိပြုကြဖို့အတွက်…♣


♣ ♦ NLD ပါတီဝင်များနှင့် မြန်မာလူမျိုးများ သတိပြုကြဖို့အတွက်… ♦ ♣
♦ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် တွင် လိုက်လံဖြန့်ဖြူးနေသော အစ္စလာမ်ဘာသာ ၀င်များ၏ စည်းရုံးရေးစာ (ယခု မြိတ်မြို့နှင့် ထားဝယ်မြို့များတွင်လည်း ဖြန့်ဝေပြီးကြောင်းသိရှိရ) ♦
စာ (၁)…
သန်းရွှေ Mar 6, 2012 08:03 PM မွတ်ဆလင်များ၏ လျှို့ဝှက်ဖြန့်ဝေချက်
မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အပေါင်းတို့…. ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၌နေစဉ် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုး၍ စောင့်ရှောက်သောအားဖြင့် ကျွန်ုပ်တို့အားလုံး စီးပွါးရေး၊ လူမှုရေးမှအစ အချင်းချင်း ရိုင်းပင်းကူညီကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည် စီးပွါးရေးနှင့် လူမှုရေးအရ တိုက်စစ်ဆင်သောအားဖြင့် မိမိဘက်မှ တစ်ဆင့် ပြန်လည်၍ ရောင်းချခြင်းမှတစ်ပါး၊ ဤမြန်မာနိုင်ငံအတွင်း၌ နေ့စဉ်ဈေးဝယ်သောအခါ ကျွန်ုပ်တို့၏ အစ္စလာမ် အမှတ်အသားပါသော (၇၈၆) အမှတ်တံဆိပ်၊ ( ) အမှတ်တံဆိပ်နှင့် လခြမ်းပေါ်၌ ကြယ်ပွင့်အမှတ်အသားပါသောဆိုင်များ၌သာ ဈေးဝယ်ကြရမည်။ ၄င်း၏အဓိပ္ပါယ်သည် (၇+၈+၆) ဂဏာန်းသုံးလုံးပေါင်းလိုက်သော် (၂၁) ရ၏။ ထို (၂၁)သည် ၂၁ ရာစုသို့ရောက်သောအခါ ကျွန်ုပ်တို့၏ အစ္စလာမ်ဘာသာတရားတော်သည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာလောကကြီးရှိ လူမျိုးအားလုံးတို့၏ ထိပ်ဆုံးကရောက်ရမည်ဟူသော အမှတ်အသားပင်ဖြစ်သည်။ မှတ်ချက်။     ။ ကျွန်ုပ်တို့အားလုံးသည် စီးပွါးရေး၊ လူမှုရေးများကို မြန်မာနိုင်ငံ၌ အစ္စလာမ်ဘာသာပြန့်ပွါးရေး၊ ထွန်းကားရေး၊ လွှမ်းမိုးရေးအတွက် ထိုးစစ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဘာသာအမှတ်အသားပါသော ဈေးဆိုင်များမှတစ်ပါး ဘာသာခြား၊ လူမျိုးခြားဖြစ်သော မြန်မာ၊ တရုတ်၊ ကရင်၊ ရခိုင်စသော မြန်မာတို့၏တိုင်းရင်းသားဆိုင်များ၌ လုံးဝ ဈေးဝယ်ခြင်း၊ စားသောက်ခြင်း စသော စီးပွါးရေးအရ ဆက်ဆံမှုများ မပြုလုပ်ရပေ။ အထူးသဖြင့် စားသောက်ဆိုင်များ၌ (၇၈၆) နှင့် ( ) အမှတ်တံဆိပ်နှင့် လခြမ်းတံဆိပ်ဖော်ပြထားသော ဆိုင်များ၌သာ ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင် အပေါင်းတို့အားလုံး စားသုံးကြရမည်။
အမဆန်ဒါနုအစ္စလာမ်သာသနာပြုလမ်းညွှန်စာအုပ်မှ ကောက်နုတ်ချက်များ၊ ရေးသားထားသူ အမဆန်ဒါနုမာဓီ၊ နာ ၅၀၀ မှလည်းကောင်း၊ နိဒါန်း နှာ ၃၀ မှလည်းကောင်း၊ နှာ ၂၈၀ မှလည်းကောင်း ကောက်နုတ်တင်ပြထားပါသည်။
မြန်မာပြည်မှာ အစ္စလာမ်သာသနာပြန့်ပွါးရန် အလားအလာများစွာရှိပါသည်။ အစ္စလာမ်သာသနာများ တိုးတက်စည်ပင်ရန် အလွယ်ကူဆုံးနှင့် အသေချာဆုံးနည်းမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများကို သိမ်းပိုက်ရန်ဖြစ်သည်။
အလုပ်အကိုင်အဆင်မပြေသော မွတ်ဆလင် ဘာသာဝင်တို့သည် မြန်မာပြည်သို့သွား၍ အသက်မွေး ၀မ်းကြောင်းပြုကြပြီးလျှင် မြန်မာအမျိုးသမီးများကိုယူခြင်းဖြင့် အစ္စလာမ်ဘာသာကို ပြန့်ပွါးစေရန် အားထုတ်သင့်ပါသည်။ မြန်မာမများတွင် ကိုယ်ကျင့်တရားစောင့်စည်းမှု မရှိကြပေ။ သိမ်းပိုက်ခြင်းဖြင့် သေချာလွယ်ကူသော အစ္စလာမ်သာသနာပြုနည်းကို ကျင့်သုံးရန်ဖြစ်သည်။
အနာဂါတ် အစ္စလာမ်ဘာသာ
ပြန့်ပွါးရေးအတွက်
♠ ♠ ♠ ♠ ♥ ♥ ♥ ♠ ♠ ♠ ♠
စာ (၂) …
786
“အစ္စလာမ်မိုအာလိုင်ကွမ်း”
          ရိုကင်ဂျာအစ္စလာမ်ညီနောင်များအဖွဲ့၊ ထိုင်းနိုင်ငံ၊ ဟက်ခရိုင်းခရိုင်၊ ဂျာမေဗလီ အစ္စလာမ်ဘာသာဝင် တနင်္သာရီဒေသသားညီနောင်များသို့
          ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ၊ မဆလခေတ်၊ စလေးလုံးအရေးတော်ပုံကြီးအပြီး န၀တ၊ နအဖ စစ်အုပ်ချုပ်ရေးခေတ်တစ်လျှောက်လုံးတွင် အစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စအ၀၀ဖိနှိမ့်ချမှုကို ခံခဲ့ရပါသည်။ ဗလီဝတ်ကျောင်းများပြုပြင်တည်ဆောက်ခွင့် (တာဗလီ) ခရီးသွားလာတရားဟောခွင့်၊ တရားပွဲကျင်းပခွင့်များမရသည့်အပြင် “အိဒ်နေ့ထူးနေ့မြတ်” ကိုပင် အစိုးရခွင့်ပြုသည့်ရက်ကို သတ်မှတ်ဆင်နွှဲခဲ့ကြရပါသည်။ အစ္စလာမ်ဘာသာဝင်လူငယ်များကိုလည်း အဆင့်မြင့် ရာထူးဖြေဆိုခွင့်မပြုခြင်း၊ အဆင့်မြင့်ပညာသင်ကြားခွင့်မပေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်မပေးခြင်း စသည့် ကန့်သတ်တားဆီးမှုများစွာဖြင့် ချုပ်နှောင်ချုပ်ချယ်ခဲ့ပါသည်။
          ယခုအခါ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီလှုပ်ရှားမှုကြောင့် ဒီမိုကရေစီအခွင့်အလမ်းများ ပေါ်ထွန်းလာပြီဖြစ်သည်။ အရေးကြီးဆုံးသောမျှော် လင့်ချက်မှာ မြန်မာနိုင်ငံရေးဦးဆောင်မှုတွင် အစ္စလာမ်ဘာသာဝင်များ ထိပ်ပိုင်းတွင် နေရာရရှိ လှုပ်ရှားနိုင်ရေးနှင့် နိုင်ငံ၏ စီးပွါးရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည့်အရေးကိစ္စများတွင် အစ္စလာမ်ဘာသာဝင် ဦးဆောင်ခွင့်ရရှိရေးပင်ဖြစ်သည်။ တနင်္သာရီဒေသ မြိတ်နှင့် ထားဝယ်တွင် NLD ပါတီဦးဆောင်သူများအဖြစ် ဦးစိုးလွင် (ခ) ဦးစံ  ၊ (မိုဟာမက်အာလီ) ဦးဘစိန်တို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ၍ စိတ်ကျေနပ်စွာဖြင့် အလ္လာအရှင်မြတ်ကျေးဇူးတော်အား ယုံကြည်ရပါသည်။ ကော့သောင်းတွင်လည်း အစ္စလာမ်ဘာသာဝင်များ တက်ကြွစွာပါဝင်လှုပ်ရှားနေသည်ဟု သိရသဖြင့် ဦးဆောင်နေရာရရှိစေရန် အလ္လာအရှင်မြတ်၏ အလိုတော်ဖြင့် ပြီးမြောက်ပါစေရန် ဒိုအာတောင်းဆုပြုပါသည်။
          အစ္စလာမ်ဘာသာဝင်အပေါင်းတို့
          ၂၁ ရာစုသည် ကမ္ဘာကို အစ္စလာမ်ဘာသာဝင်များမှ လွှမ်းမိုးရမည့်ကာလဖြစ်သည်။ အလ္လာအရှင်မြတ်နှင့် တမန်တော်မိုဟာမက်သခင်တို့၏ အလိုဆန္ဒတော်အရ အစ္စလာမ်ဘာသာဝင်များတိုးပွါးရေး အဘက်ဘက်မှ စွမ်းဆောင်ကြိုးပမ်းသြာသနာပြုရမည်။ အလ္လာအရှင်မြတ်၏ အဆုံးအမများ ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံစေရန် ရည်ရွယ်ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးတွင် ဦးဆောင်နိုင်ရန် လူထု၏ထောက်ခံယုံကြည်မှု ရသည့် NLD ပါတီသို့ အစ္စလာမ်ဘာသာဝင်များ ၀င်ရောက်ကြရမည်။ NLD ပါတီ၏ အဆင့်ဆင့်သောဦးဆောင်နေရာရရှိရေးအတွက် အစ္စလာမ်ဘာသာဝင်များမှ အခြားဘာသာဝင်များထက် ပိုမိုခွန်အားစိုက်ထုတ်ဆောင်ရွက်ကြရပါမည်။ ထိုမှသာ သယံဇာတပေါများသော မြန်မာနိုင်ငံ၏ စီးပွါးရေးလုပ်ငန်းကြီးများအား အစ္စလာမ်ဘာသာဝင်များ လုပ်ပိုင်ခွင့်ရမည်။ စီးပွါးရေးကောင်းမှသာ အစ္စလာမ်သာသနာပြန့်ပွါးရေး ပိုမိုဆောင်ရွက်နိုင်မည်။ အလ္လာအရှင်မြတ်အား ယုံကြည်သည့် အီမန်ဖြင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် အာဇံသံများ၊ ဒိုအာပြုမှုများဖြင့် ဖုံးလွှမ်းစေကြပါစို့။
          အစ္စလာမ်ဘာသာဝင်များ အနှိမ့်ချခံဘ၀မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံတော်ကြီးအဖြစ် ဆောင်ရွက်အားထုတ်နိုင်ကြပါစေ။

♣ ♣  အထက်ဖေါ်ပြပါစာများကိုတင်ပြခြင်းသည် ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတို့၏ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုခြင်း၊ NLD ပါတီအတွင်း သန့်ရှင်းစေလိုသော ဆန္ဒဖြင့် ဖေါ်ပြခြင်းဖြစ်ပါတယ်.... ဤစာကိုဖတ်ရှုပြီးလျှင် မိတ်ဆွေအပေါင်းအသင်းများ နားလည်နိုင်ပါလိမ့်မည်...



Tuesday, March 27, 2012

အန်တီစု မြိတ်မြို့ခရီးစဉ် အဆင်မပြေမှုများ၏ သုံးသပ်မှု ကောက်နုတ်ချက်များမှ


မပြောမပြီး မတီးမမြည် ဆိုသလို ကျွန်တော့်မှာ အန်တီစုရဲ့ မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောစရာ၊ တင်ပြစရာများရှိလို့ လာပြန်ပါပြီ။ (၂၄၊ ၂၅)ရက်၊ မတ်လအတွင်း အန်တီစု မြိတ်ကျွန်းစု ခရီးစဉ်အတွက် ရှပ်ပြေးအမြန်ယာဉ်များ ငှားရမ်းမရလို့ အင်တာနက်ပေါ်မှာ တော်တော်ပွသွားပါတယ်။ အမှန်တကယ်တော့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းခရီးစဉ်များအတွက် အမြန်ယာဉ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီ (၃)ခုရှိပါတယ်။ အန်တီစုခရီးစဉ်မတိုင်မှီ ကြိုတင်စီစဉ်ရန် ဒေါက်တာတင်မျိုးဝင်း၊ ဦးခွန်သာမြင့်တို့ ဦးဆောင်ပြီး ကြိုတင်စီစဉ်မှုတွေ ဆောင်ရွက်ကြပါတယ်။ အမြန်ယာဉ်ငှားရန်တာဝန်ကိုတော့ ယခင် ကျောင်းသားတပ်မတော်မှ ဦးဝင်းနိုင် (စစ်အစိုးရခေတ်တွင် အကြွင်းမဲ့လက်နက်ချအလင်းဝင်) ယခု NLD ပါတီဝင်မှ ဦးဆောင်ဦးရွက်ပြုရန် စီစဉ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ အထက်ပါ အမြန်ယာဉ်ကုမ္ပဏီ (၃)ခုအပြင် တခြားတခြားသော အမြန်ယာဉ်များလည်း ရှိပါတယ်။ သို့ပေမယ့် ဦးဝင်းနိုင်ရဲ့ စည်းရုံးရေးညံ့ဖျင်းမှု၊ မောက်မာ ရိုင်းပြစွာဆက်ဆံမှု၊ စစ်အစိုးရခေတ် ကျောင်းသားတပ်မတော်တွင် လုပ်ကိုင်စဉ်က သောင်းကျန်းသူတောတွင်း စိတ်ဓာတ်နှင့် အများပြည်သူများအား နိုင်လိုမင်းထက်ပြုမူဆက်ဆံသောအကျင့်များ မဖျောက်ဖျက်နိုင်ခြင်းတို့ကြောင့် အမြန်ယာဉ်ပိုင်ရှင်များ၊ တခြားသော အမြန်ယာဉ်ပိုင်ရှင်များအား အောင်မြင်စွာ စည်းရုံးနိုင်ခြင်းမရှိခဲ့ပါ။
တခြားသော ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ် NLD ပါတီဝင်များ၏ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းလမ်းများ၊ စီမံ ကွပ်ကဲမှုညံ့ဖျင်းခြင်းများ၊ NLD တံဆိပ်ပါ အင်္ကျီ၊ အလံများ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီများ၊ အန်တီစု ဓါတ်ပုံ၊ ပိုစတာများရောင်းချနိုင်ရေးအတွက်သာ အာရုံစိုက်ခြင်းစသော အချက်များကြောင့် အန်တီစု မြိတ်ကျွန်းစုခရီးစဉ်မှာ များစွာကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ တံဆိပ်၊ အလံ၊ အင်္ကျီများရောင်းချရန် တာဝန်ယူထားသော ကန်ထရိုက်နှင့် တပိုင်တနိုင်မိသားစုစားဝတ်နေရေးအတွက် ရောင်းချနေသောသူများနှင့်လည်း မချေမငံ ပြဿနာများဖြစ်ခဲ့ရပါတယ်။ မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စခန်းသစ်၊ ကံမော်သို့သွားရန် အချိန်မလုံလောက်သည်ကို ပင်လယ်သားများဖြစ်ကြသည့် ဦးဝင်းနိုင် (ယခင်ကျောင်းသားတပ်မတော်)၊ ဦးဝင်းနိုင် (ကန်ထရိုက်)စသော NLD မှ ဦးဆောင်စီစဉ်သူများ သိရှိသော်လည်း အန်တီစုကို ပြစားသလိုစီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။ ၄င်းအပြင် အန်တီစု စီးနှင်းလိုက်ပါလာသော ရေယာဉ်တွင် ကျွမ်းကျင်လိမ္မာသော ပဲ့နှင်းအား ပဲ့မကိုင်စေဘဲ ပိုင်ရှင်ကိုယ်တိုင် မျက်နှာလိုမျက်နှာရ ၀င်ရောက်မောင်းနှင်ခြင်းကြောင့် အန်တီစုခမျာ ပင်ပန်းနွမ်းနယ်နေသည့်ကြားမှ ပင်လယ်ပြင်တွင် နှစ်နာရီခန့် သောင်တင်နေခဲ့ရပါတယ်။ ထိုသောင်မှ လွတ်ပြီး နောက်တနေရာတွင်လည်း တခါထပ်၍သောင်တင်ခဲ့ရပါတယ်။ ၄င်းအပြင် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် အန်တီစုနံဘေးမှ အမြဲတမ်းလိုက်ပါစောင့်ရှောက်ပေမယ့် ဒီတစ်ခါတော့ အန်တီစုခမျာ ၀မ်းသွားခဲ့ရ ပါသည်။ ပင်လယ်စာဆိုတာ စားနေကျမဟုတ်ရင် အလွန်အင်မတန်ဒုက္ခပေးတတ်ပါသည်။ နဂိုကမှ အားနည်းပြီး လေယာဉ်၊ ကားမူးတတ်တဲ့ အန်တီစုဟာ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ ၀ိုင်းဝန်းပို့သမှုကြောင့် မြိတ်ကျွန်းစုမဲဆွယ်ခရီးစဉ်ဟာ အလွန်အင်မတန် အကျည်း တန်ရုပ်ဆိုးလွန်းခဲ့ရပါသည်။ အထက်ပါ အချက်အလက်များသည် NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ စီမံမှုညံ့ဖျင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ရန်စောင်နေခြင်း၊ စစ်အစိုးရအပြုအမူထက်ဆိုးပြီး ပြည်သူလူထုအပေါ် မောက်မာရိုင်းပျစွာဆက်ဆံခြင်း၊ ဒေသခံပြည်သူလူထုကို စည်းရုံးနိုင်စွမ်းမရှိခြင်း စသော အချက်များကြောင့်ပေလား၊ အန်တီစုအပေါ် တမင်တကာ လုပ်ကြံမှုပေလားလို့ တော့ ဒွိဟဖြစ်စရာများ၊ မေးခွန်းမေးစရာများ အများအပြားကျန်ရစ်ခဲ့ရပါပြီ။ ပင်လယ်သားများသည် ရေလမ်းကြောင်း ကျွမ်းကျင်သူများဖြစ်ပါလျက် ကျွန်းစုဘက်မှပတ်၍သွားပါက သောင်လွတ်ပါလျက်နဲ့ သောင်တင်အောင်မောင်းခြင်း၊ အချိန်နှင့်အကွာအဝေးကို မတွက်တတ်ခြင်း၊ မြိတ် NLD များ တစ်ဦးနှင့်တစ်ဦး ညီညွှတ်မှုမရှိဘဲ အစွမ်းပြနေခြင်း၊ တံဆိပ်၊ အလံ၊ နဖူးစည်းနှင့် စတေကာများရောင်းချ၍ ရန်ပုံငွေရှာရန်ကိုသာ အလေးထားနေကြခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ခံနိုင်ရည်ကို ထည့်မတွက်ပဲ နိုင်ငံရေးတရားဟောပြောရန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစားရန် ဦးစားပေးဆောင်ရွက်ကြခြင်း၊ ကံကောင်း၍ ကျောက်ပုံများဝင်မတိုက်သဖြင့် အသက်ဘေးမှ လွတ်ခဲ့ရပါတယ်။
ဒါကြောင့် အန်တီစုပြောသလို မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ် မအောင်မြင်ရခြင်းဟာ အမြန်ရေယာဉ် (ရှပ်ပြေး) ငှားရမ်း၍ မရခြင်းကြောင့်ဘဲ့လား၊ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ လက်ချက်များကြောင့်ပဲလားဆိုတာ အန်တီစု အပါအ၀င် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားအပေါင်း နားလည်ရန်တော့ လိုအပ်ပါသည်။ ဒါကြောင့် အန်တီစုလည်း အမှန်ကို မဖုံးကွယ်ဘဲ မိမိပါတီဝင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ဆောင် ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

အန်တီစု မြိတ်မြို့ခရီးစဉ်နဲ့ ဆရာဝန်၊ သူနာပြုများ၏ ကြိုဆိုအားပေးမှု...


၂၀၁၂ ခုနှစ်၊ မတ်လ (၂၄)ရက် အန်တီစုရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့မှာ ပြောစရာအများကြီး ကျန်ရစ်ခဲ့ရပါတယ်… စက်ရုံအလုပ်ရုံအတွက် ကုန်ချောဖြစ်ဖို့ ကုန်ကြမ်းအရေးကြီးသလို၊ ကျောင်းဆရာ/မများ၏ ရည်တည်မှုအတွက် ကျောင်းသား/သူများ အရေးကြီးပါတယ်… ထို့အတူ ဆရာဝန်များအတွက် အရေးကြီးတာက လူနာပါ… ၂၀၁၂ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ မြိတ်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆရာဝန်ချိန်းထားတဲ့ လူနာတစ်ဦးရောက်ရှိလာခဲ့ပါတယ်… အဲဒီလူနာ ဆရာဝန်ကို စောင့်နေတဲ့အချိန် (မိနစ် ၃၀ ခန့်ကြာပြီး) သူနာပြုတစ်ဦးရောက်ရှိလာလို့ မေးကြည့်တဲ့အခါ “ဆရာမရှိဘူး… ဒီနေ့ ဂေါက်ရိုက်ဖို့ချိန်းထားလို့ ဂေါက်သွားရိုက်တယ်… မနက်ဖြန်မှ ပြန်လာခဲ့..” လို့ဆိုပါတယ်… (၂၄)ရက်နေ့မှာ ဆေးရုံကိုသွားတော့ ဆေးရုံမှာ တိတ်ဆိတ်နေပါတယ်… အဲဒါနဲ့ တွေ့တဲ့ ၀န်ထမ်းတစ်ဦး (သူနာပြုမဟုတ်ပါ) ကိုမေးကြည့်တော့ “အန်တီစုကို သွားကြိုကြတယ်…” လို့ပြောပါတယ်… (၂၅)ရက်နေ့ ထပ်ပြီးသွားပြန်တယ်… “ ဒီနေ့ အန်တီစု ဟောပြောမယ်… အဲဒါသွားနားထောင်တာ… ပြီးတော့ အန်တီစုပြန်မယ်ဆိုတော့ တစ်ခါတည်း နှုတ်ဆက်ပြီးမှ လာကြလိမ့်မယ်…” လို့ဆိုပြန်တယ်… အဲဒါသာ စဉ်းစားကြည့်ပေတော့… အစကတည်းက အန်တီစုခရီးစဉ်ရှိတယ်ဆိုရင် လူနာကို မချိန်းနဲ့ပေါ့… ဒါမှ ကျန်တဲ့နေရာတွေမှာ လိုက်ပြလို့ရမှာပေါ့… (ဒါပေမယ့် ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိသလောက်ပါပဲ)… အခုတော့ ဆရာဝန်တွေအတွက် အရေးကြီးတာက လူနာလား… အန်တီစုလား.. လို့ပြောစရာဖြစ်ကုန်ပြီ… သေမယ့်လူနာဆိုရင် သေနေလောက်ပြီ.. အန်တီစုခရီးစဉ်ကြောင့် ပျော်စရာလူတွေ ရှိခဲ့ကြသလို၊ နှစ်နာစရာတွေလည်း အများကြီးရှိခဲ့ပါတယ်… “ဆရာဝန်ဆိုတာ လူတွေအတွက် အားထားရာ” ဆိုတာကို ဒွိဟများစွာဖြင့်….

Sunday, March 25, 2012

မြိတ်မြို့သို့ရောက်ရှိလာစဉ် ဗကပ(UG) အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

မြိတ်မြို့သို့ရောက်ရှိလာစဉ် ဗကပ(UG) အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၀ ခုနှစ်၊ မတ်လ (၂၄)ရက် နှင့် (၂၅) ရက်နေ့များတွင် မြိတ်မြို့သို့ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ်
ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ ဗကပ (UG) အကြွင်းအကျန်များသည် NLD
ပါတီအတွင်း ၀င်ရောက်ရောနှောလှုပ်ရှားပြီး ပါတီဝင်များနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ကာ
ယခင်က ပယ်ဖျက်ထားပြီးဖြစ်သော နိုင်ငံတော်အလံများအား လွှင့်ထူအသုံးပြုစေခြင်း၊ ခေါင်းစည်းများစည်း
ခိုင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့သို့မရောက်ရှိမှီ (၃)ရက်အလိုခန့်ကပင် နိုင်ငံတော်အား အကြည်
အညိုပျက်စေမည့် တေးသီးချင်းများကို မြို့တွင်းသို့လှည့်လည်၍ ကျယ်လောင်စွာဖြင့်ညနက်သန်းခေါင် အချိန်ကျော်လွန်သည်အထိ ဖွင့်စေခြင်း၊ တပ်မတော်နှင့်ပြည်သူများအကြား သွေးကွဲစေမည့်စာသားများနှင့်
ကဗျာများဖြန့်ဝေစေခြင်း၊ ကားများနှင့် မော်တော်ဆိုင်ကယ်များစုစည်းကာ လမ်းများပိတ်ဆို့၍ အော်ဟစ်ဆူ
ပူစေခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေမည့် စကားများ၊ အပြုအမူ
များ၊ တေးသီချင်းများ စသည်တို့ဖြင့် ပြုလုပ်စေခြင်း၊ အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာရွေးကောက်
ပွဲကော်မရှင်များ၊လုံခြုံရေးတပ်ဖွဲ့များစသည်တို့ လာရောက်၍ဟန့်တားပါက အဓိကရုဏ်းဖြစ်စေရန်ရည်ရွယ် ချက်ဖြင့် NLD ပါတီနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ပေးခဲ့ပြီး NLD ပါတီအတွင်း ၀င်ရောက် ခိုအောင်းလျက်ရှိနေပါသည်။ ၄င်းတို့၏အပြုအမူများသည် နိုင်ငံတော်နှင့် NLD ပါတီကောင်းစားရေး အတွက်မဟုတ်ဘဲ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲပျက်ပြားစေရန် ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့်
ဆောင်ရွက်စေခဲ့သည်မှာ သိသာထင်ရှားလှပါသည်။ NLD ပါတီဌာနချုပ်အနေဖြင့်လည်း ၄င်းတို့၏ အပြုအမူများနှင့်ပတ်သက်၍ သိရှိနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုမည်ဟု အခိုင်အမာ သံဓိဌာန်ချမှတ်ထားသည့် ပါတီကြီးတစ်ခုအနေဖြင့် ပါတီတွင်းစည်းကမ်းရှိမှု၊ ပါတီဝင်တစ်ဦးချင်းစည်းကမ်းရှိမှုတို့သည် အခြားသော ပါတီများအတွက် စံနမူထားလောက်ဖွယ်ဖြစ်ရန်အတွက် များစွာလိုအပ်လှပါသည်။ “NLD ပါတီအကြောင်း ကမ္ဘာကသိစေရမည်” ဟု ကြွေးကြော်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြိတ်မြို့ရောက်ရှိခဲ့သည့် အတွေ့အကြုံအဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာပြည်သူလူထုတို့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချက်များစွာ
ဖြင့် စောင့်စားမျှော်လင့်နေမှုများကို မြိတ်မြို့ကဲ့သို့ဖြစ်စဉ်များကြောင့် မပျက်ပြားစေသင့်ပါ။


Friday, March 23, 2012

မြိတ်မြို့NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ…


မြိတ်မြို့ NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ…
၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့မှာ မြိတ်မြို့ကို ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ ဒေါ်အောင်ဆန်းစုကြည်ကမရောက်သေးဘူး.. မတ်လ (၂၃) ရက်နေကတည်းက ကားတွေမှာ အသံချဲ့စက်တွေဖွင့်၊ အိုးစည်ဒိုးပတ်တွေ၊ ဆိုင်ကယ်တွေနဲ့ ကခုန်ပြီးတော့မြို့လှည့်နေကြတာ ဟိန္ဒူသင်္ကြန်ကျသလိုဖြစ်နေပြီ… သရုပ်ပျက်ပုံစံတွေပါ ပါနေတယ်… ပြီးတော့ လက်ကမ်းစာစောင်တွေကို ကြိုက်တဲ့လူကောက်ဆိုတဲ့သဘောနဲ့ လမ်းမှာ ဒီအတိုင်းကြဲပြီးတော့ လွင့်ပစ်ထားတာတွေ… အဲဒါတွေကို ပါတီဝင်အချင်းချင်း ထိန်းညှိသင့်တယ်…. အားပေးကြိုဆိုမှုတွေ လွဲနေသလိုဖြစ်နေပြီ… NLD ကရောင်းချပေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းပါအင်္ကျီတွေကို လေးလေးစားစားဝတ်ဆင်သင့်တယ်… ဒါမှ NLD ပါတီကို အားပေးရာရောက်မှာပေါ့… အခုဟာက မလေးမစားပုံစံတွေနဲ့ဝတ်နေကြတော့ ခက်ကုန်ပြီ… ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားသလိုဖြစ်နေပြီ… ပြီးတော့ မြိတ်မြို့၊ ကန်ဖျားမြေနီလမ်းမ၊ ဦးစောဂျက်မြေနေရာမှာ  ဒေါ်အောင်ဆန်းစုကြည်လာရောက်ဟောပြောမည့် စင်ဆောက်ဖို့အတွက် မြက်ပင်တွေရှင်းလင်းဖို့ မြက်ရိတ်စက်လိုက်ငှားတာတွေ.. အဲဒါ ပါတီသိက္ခာကျတာပေါ့... ကိုဖြိုး၊ မရှင်ဌေး၊ ဦးအော်ကောင်းတို့ ပိုက်ဆံတတ်နိုင်တယ်ဆိုပြီးတော့ ၀ယ်လိုက်ရင်ပြီးနေတာကို.. နောင်လည်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ရမှာပဲ့ မဟုတ်လား.... အခုဟာက  ကိုယ့်ပါတီမွဲတေနေတာကို လူတွေသိအောင် လိုက်လုပ်သလိုဖြစ်နေပြီ... ဒါကြောင့်လည်း ပါတီအတွင်းမှာ စိတ်ဝမ်း ကွဲမှုတွေဖြစ်နေတာပေါ့... ပြီးတော့ စင်ဆောက်မည့်နေရာအရှေ့မှာ ထောင်ထားတဲ့ လစဉ်ဆွမ်းခြောက်ခံ ဆိုင်းဘုတ် (ဘုရားပုံပါ) နှစ်ခုကို ကန်ဖျားနယ်မြေ သက်ဆိုင်ရာလူကြီးများကို အကြောင်းမကြားဘဲ ဖျက်ပစ်လိုက်ကြတာ.. ပြီးတော့ ဒီနေရာမှာ NLD ဆိုင်းဘုတ်ထောင်လိုက်တာ အဲဒါတွေက တော်တော်အဖြစ်ဆိုးတယ်… နံဘေးမှာ လွတ်တဲ့နေရာတွေ အများကြီးရှိပါသေးတယ်…  အခုဟာက ဘာသာရေးကိုပါ စော်ကားသလိုဖြစ်နေပြီ.. လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့သဘော သက်ရောက်နေပြီ.. NLD ပါတီမှာ ပါဝင်တဲ့ ပါတီဝင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ ဒီလိုကိစ္စတွေကို ပါတီဝင်အချင်းချင်းဆွေးနွေးတိုင်ပင်သင့်တယ်… သက်ဆိုင်ရာလူကြီးတွေကို အကြောင်းကြားသင့်တယ်… ကိုယ့်လုပ်ရပ်တွေကို မပြောသာလို့ လွတ်ပေးထားရတယ်ဆိုတဲ့သဘောသက်ရောက်ရင် မကောင်းတော့ဘူး… ပါတီကို စိတ်အားထက်သန်ပြီး လုပ်ကြတယ်ဆိုပေမယ့် ပြည်သူတွေနဲ့ အတိုက်အခံဖြစ်မယ့်ကိစ္စတွေကို အလေးပေးပြီး ရှောင်ကြဉ်သင့်တယ်.. ပြည်သူတွေရဲ့ အားပေးမှုကို မပျက်စီးစေသင့်ဘူး… ဒါမှ ပြည်သူတွေက ကိုယ့်ပါတီ ရေရှည်ရပ်တည်ဖို့အတွက် အားပေးကြမှာပေါ့… အခုက ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့အတွက်ပဲ့ ရှိသေးတယ်ဆိုတာ မမေ့ဖို့ လိုအပ်တယ်…

♣ လုပ်ကြပါအုံး….. ဒီမှာ NLD ဖြစ်ရပ် ကျွန်းစုမြို့နယ်မှာ ပြောပြန်ပြီ…♣

♣ လုပ်ကြပါအုံး….. ဒီမှာ NLD ဖြစ်ရပ် ကျွန်းစုမြို့နယ်မှာ ပြောပြန်ပြီ…♣
ကျွန်းစုမြို့နယ်တွင် နေထိုင်သူ ဦးသန်းမြင့်သည် သူပိုင်ဆိုင်သောမြေနေရာတွင် ၁၂ ပေအကျယ်ကိုခွဲဝေ၍ သူ၏သားတပည့်ဖြစ်သူ ကိုဝင်းနိုင်အား အလုပ်ဂိုဒေါင်တစ်ခုတည်ဆောက်၍ ဂဏန်းဝယ်ခွင့်ပြုထားခဲ့ပါသည်။ ကိုဝင်းနိုင်သည် ကျွန်းစုမြို့နယ် NDL ပါတီမှနေ၍ ပါတီလှုပ်ရှားမှုများကိုပြုလုပ်သောကြောင့် ဦးသန်းမြင့်သည် ကိုဝင်းနိုင်၏ဇနီးဖြစ်သူအား ဖုန်းဖြင့်ခေါ်ဆို၍ သူ၏မြေကွက်၌လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းအား တစ်နာရီအတွင်း လာရောက်ဖယ်ရှားပေးပါရန် ပြောကြားခဲ့လေသည်။ ထိုအခါ ကိုဝင်းနိုင်သည် သူ၏ဂိုဒေါင်အား လာရောက်ဖျက်ဆီးပြီး လုပ်ငန်းပြောင်းရွှေ့သွားခဲ့ပါသည်။ ထိုဖြစ်ရပ်ကိုအခြေပြု၍ ကျွန်းစုမြို့နယ် NLD ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ဒေါ်တင်တင်ရီသည် ကျွန်းစုမြို့နယ် ကော်မရှင်ရုံးသို့လာရောက်၍ ဦးသန်မြင့်နှင့်အပေါင်းအပါ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များသည် NLD ပါတီဝင်တစ်ဦး၏ အလုပ်ရုံအား လာရောက်ဖြစ်ဆီးသွားပါသောကြောင့် ဦးသန်းမြင့်နှင့် ပြည်ခိုင်ဖြိုးပါတီအား အရေးယူပေးပါရန် (နှုတ်ဖြင့်) တိုင်ကြားသွားခဲ့ပါသည်။ ထိုကြောင့် ကျွန်းစုမြို့နယ်ကော်မရှင်မှ ထိုဖြစ်ရပ်ကို ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ရပါသည်။ ကျွန်းစုမြို့နယ်ပြည်သူများအနေဖြင့် ဒေါ်တင်တင်ရီကို ရှေ့နေဘွဲ့ရထားတဲ့ ဥပဒေနားမလည်သူ၊ ကော်မရှင်ရုံးကို မလေးမစားနဲ့ ငါးစိမ်းသည်ရန်ဖြစ်သည့်ပုံစံဖြင့် လာရောက်တိုင်ကြားသွားသည်ဟု ပြောကြားလျှက်ရှိကြောင်းကို သိရှိရပါသည်။
NLD ပါတီ၏ဖြစ်ရပ်များနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် မြိတ်မြို့ သို့လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်-မြန်မာ့ဒီမိုကရေစီခေါင်းဆောင်) အနေဖြင့် NLD ပါတီ၏ရည်မှန်းချက်များနှင့် ပါတီ၏ စည်းမျဉ်းစည်းကမ်းများ၊ ကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး NLD ပါတီဝင်များအား ရှင်းလင်းပြောကြား ပြသညွှန်ကြားပေးပါရန် များစွာလိုအပ်လျှက်ရှိနေပါသည်။

Sunday, March 18, 2012

Alpha Mobile ဖုန်းအရောင်းဆိုင်တွင် ဖောက်ထွင်းခိုးယူသော တရားခံ (သူခိုး)အား ဖမ်းဆီးရမိပြီ…


၂၀၁၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် မြိတ်မြို့၊ သဲကွင်းရှိ ကုန်တိုက်၌ ဖွင့်လှစ်ထားသော Alpha Mobile ဖုန်းဆိုင်တွင် အခိုးခံရသော ဖုန်းအမျိုးအစားထဲမှာ ပါဝင်သော ဖုန်းနှင့်အတူလိုအပ်သော ဆက်စပ်ပစ္စည်းလာရောက်ဝယ်ယူသူရှိခဲ့ရာ မြိတ်မြို့၊ ပြည်သူ့ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပါသည်။ ၄င်းမှတဆင့် မြိတ်မြို့၊ ပြည်သူ့ရဲတပ်ဖွဲ့၏ စွမ်းဆောင်မှုဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် (၄) နာရီအချိန်ခန့်တွင် တရားခံအား ခိုးရာပါသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

NLD ပါတီ လုပ်ချလိုက်ပြန်ပြီ...

NLD အဖွဲ့ဝင်များအားတိုင်ကြားပေးပါရန် ကျော်ကျော်ဖြိုးကုမ္ပဏီလီမီတက် က ကော်မရှင်ထံတိုင်းကြားသတင်းအား http://myeiknews.blogspot.com/ တွင်တင်ပြထားပါသည်။
တင်ပြထားမှုသတင်းမှာ-
“မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင် ၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ်ခဲ့သဖြင့် ကုမ္ပဏီ၏ လုံခြုံရေးများက ခွင့်ပြုချက်မရှိဘဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။”
ဟူ၍တင်ပြထားပါသည်။
အလားတူဖြစ်စဉ်အတိုင်းပင် မတ်လ (၁၆) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ကျွန်းစုမြို့နယ်၊ ကလိန်ဘဲကျေးရွာ၌လည်း ဖြစ်ပွါးခဲ့ပါသည်။ မြိတ်မြို့ NLD ပါတီမှ ဦးချစ်ဝေ၊ ဦးမောင်ယု၊ ဦးဌေးမြင့်လှိုင်၊ ဦးအောင်ချမ်း (ကျွန်းစု)၊ ကလိန်ဘဲကျေးရွာမှ ကိုမြင့်ကျော်ဦး၊ ဦးနောင်ပုတ်၊ ဦးကိုဦး၊ ဦးကျော်ထွန်း တို့ပါဝင်ကြောင်း သိရှိရပါသည်။ NLD ပါတီအနေဖြင့်ပြည်သူလူထု၏ ယုံကြည်မှုကိုခံယူလို ပါက ကော်မရှင်မှ ချမတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို သိရှိနားလည်ရန်နှင့် သိရှိနားလည်လျှင်လည်း လိုက်နာဆောင်ရွက်နိုင်ရန် အများကြီးလိုအပ်နေပါသေးသည်။

Sunday, March 11, 2012

မြိတ်မြို့ Alpha Mobile ဖုန်းအရောင်းဆိုင်တွင် ဖုန်းများ အခိုးခံရ



မြိတ်မြို့၊ မြို့မအားကစားကွင်းအရှေ့၊ ကန်ဖျားလမ်းမကြီး၊ အမှတ် (၁) ၌ဖွင့်လှစ်ထားသော Alpha Mobile ဖုန်းဆိုင်သည် ၁၀ ရက်၊ မတ်လ၊ ၂၀၁၂ ခုနှစ်၊ ည (၂၂) နာရီအချိန်ခန့်တွင် Mobile ဖုန်းအလုံးရေ (၃၄) လုံး၊ တန်ဖိုးငွေ ကျပ် သိန်း (၄၀) ကျော် အခိုးခံလိုက်ရပါသည်။ ဖြစ်စဉ်မှာ Alpha Mobile ဖုန်းဆိုင်ပိုင်ရှင် ဦးအောင်မိုး သည် နံဘေးတိုက်ခန်းတွင် ဆိုင်ခန်းအသစ်ဖွင့်လှစ်ရန်အတွက် ပစ္စည်းများပြောင်းရွှေ့နေရာမှ ည (၂၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ဆိုင်ခန်းများကိုသော့ပိတ်၍ အိမ်သို့ခဏပြန်သွားခဲ့ပါသည်။  ည (၂၄) နာရီအချိန်ခန့်တွင် မူလဆိုင်ခန်းသို့ ပြန်လည်ရောက်ရှိလာရာ ဆိုင်ခန်း၏ အနောက်ဘက် ပြတင်းပေါက်အသေး၌ တပ်ထားသော သံချောင်း ပြုတ်ထွက်နေပြီး ဖုန်းများအခိုးခံလိုက်ရပါသည်။
အခိုးခံလိုက်ရသော ဖုန်းအမျိုးအစားများ-
-       Nokia – 603 (IMEI: 358647040614923)၊ XPERIA neo V၊ XPERIA ray၊ HTC Wildfire S (IMEI: 358105043090989)၊ ZTE R750 + (IMEI: 356410040031966)၊ XPERIA active၊ LG – P690 (IMEI: 358189040700923)၊ iPhone 4S - 16 GB (IMEI: 013046006365736)၊ HUAWEI S8600 (IMEI: 861983000517198)၊ MOTOROLA FIRE TM XT (IMEI: 356385040075173)၊ Samsung Galany Y (359259104199420612)၊ Samsung Galany mini (359581104111686212)၊ Black Berry C9800၊ TWZ S609 (IMEI: 354106843007375)၊ HTC Incredible S-G 11၊ i5TV၊ Nokia X18၊ G11၊ Vodafone 830၊ Samsung Hero Plus၊ HUAWEI U5700၊ Nokia 3720၊ N600