Sunday, March 18, 2012

NLD ပါတီ လုပ်ချလိုက်ပြန်ပြီ...

NLD အဖွဲ့ဝင်များအားတိုင်ကြားပေးပါရန် ကျော်ကျော်ဖြိုးကုမ္ပဏီလီမီတက် က ကော်မရှင်ထံတိုင်းကြားသတင်းအား http://myeiknews.blogspot.com/ တွင်တင်ပြထားပါသည်။
တင်ပြထားမှုသတင်းမှာ-
“မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ NLD ပါတီမှ ဘဏ္ဍာရေးအဖွဲ့ဝင် ဦးကြံအောင် ၊ အောင်နိုင်ရေး ကော်မတီဝင် ဦးသောင်းတင်(ခ) ဦးဂျိုကာ၊ ဦးလှဝင်း၊ ဒေါ်အေးသူမွန်နှင့် ဒေါ်ဥမ္မာချို တို့သည် ကျွန်းစုမြို့နယ် ပန်လုံးအော် ကျေးရွာရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီ အအေးခန်း စက်ရုံဝင်း အတွင်း သို့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီ ရုံးခန်းနှင့် ၀န်ထမ်း အိမ်ယာများတွင် တစ်အိမ်တက်ဆင်း ပါတီတံဆိပ် ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ ပြုလုပ်ခဲ့သဖြင့် ကုမ္ပဏီ၏ လုံခြုံရေးများက ခွင့်ပြုချက်မရှိဘဲ လာရောက်ဆောင်ရွက်သဖြင့် ချက်ချင်း နှင်ထုတ် ခဲ့ကြောင်း ဦးကြံအောင်ပါ (၄)ဦးသည် ကျွန်းပေါ်မှ ပြန်လည် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။”
ဟူ၍တင်ပြထားပါသည်။
အလားတူဖြစ်စဉ်အတိုင်းပင် မတ်လ (၁၆) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ကျွန်းစုမြို့နယ်၊ ကလိန်ဘဲကျေးရွာ၌လည်း ဖြစ်ပွါးခဲ့ပါသည်။ မြိတ်မြို့ NLD ပါတီမှ ဦးချစ်ဝေ၊ ဦးမောင်ယု၊ ဦးဌေးမြင့်လှိုင်၊ ဦးအောင်ချမ်း (ကျွန်းစု)၊ ကလိန်ဘဲကျေးရွာမှ ကိုမြင့်ကျော်ဦး၊ ဦးနောင်ပုတ်၊ ဦးကိုဦး၊ ဦးကျော်ထွန်း တို့ပါဝင်ကြောင်း သိရှိရပါသည်။ NLD ပါတီအနေဖြင့်ပြည်သူလူထု၏ ယုံကြည်မှုကိုခံယူလို ပါက ကော်မရှင်မှ ချမတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို သိရှိနားလည်ရန်နှင့် သိရှိနားလည်လျှင်လည်း လိုက်နာဆောင်ရွက်နိုင်ရန် အများကြီးလိုအပ်နေပါသေးသည်။