Friday, March 23, 2012

မြိတ်မြို့NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ…


မြိတ်မြို့ NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ…
၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့မှာ မြိတ်မြို့ကို ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုဖို့ ပြင်ဆင်လိုက်ကြတာ ဒေါ်အောင်ဆန်းစုကြည်ကမရောက်သေးဘူး.. မတ်လ (၂၃) ရက်နေကတည်းက ကားတွေမှာ အသံချဲ့စက်တွေဖွင့်၊ အိုးစည်ဒိုးပတ်တွေ၊ ဆိုင်ကယ်တွေနဲ့ ကခုန်ပြီးတော့မြို့လှည့်နေကြတာ ဟိန္ဒူသင်္ကြန်ကျသလိုဖြစ်နေပြီ… သရုပ်ပျက်ပုံစံတွေပါ ပါနေတယ်… ပြီးတော့ လက်ကမ်းစာစောင်တွေကို ကြိုက်တဲ့လူကောက်ဆိုတဲ့သဘောနဲ့ လမ်းမှာ ဒီအတိုင်းကြဲပြီးတော့ လွင့်ပစ်ထားတာတွေ… အဲဒါတွေကို ပါတီဝင်အချင်းချင်း ထိန်းညှိသင့်တယ်…. အားပေးကြိုဆိုမှုတွေ လွဲနေသလိုဖြစ်နေပြီ… NLD ကရောင်းချပေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းပါအင်္ကျီတွေကို လေးလေးစားစားဝတ်ဆင်သင့်တယ်… ဒါမှ NLD ပါတီကို အားပေးရာရောက်မှာပေါ့… အခုဟာက မလေးမစားပုံစံတွေနဲ့ဝတ်နေကြတော့ ခက်ကုန်ပြီ… ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားသလိုဖြစ်နေပြီ… ပြီးတော့ မြိတ်မြို့၊ ကန်ဖျားမြေနီလမ်းမ၊ ဦးစောဂျက်မြေနေရာမှာ  ဒေါ်အောင်ဆန်းစုကြည်လာရောက်ဟောပြောမည့် စင်ဆောက်ဖို့အတွက် မြက်ပင်တွေရှင်းလင်းဖို့ မြက်ရိတ်စက်လိုက်ငှားတာတွေ.. အဲဒါ ပါတီသိက္ခာကျတာပေါ့... ကိုဖြိုး၊ မရှင်ဌေး၊ ဦးအော်ကောင်းတို့ ပိုက်ဆံတတ်နိုင်တယ်ဆိုပြီးတော့ ၀ယ်လိုက်ရင်ပြီးနေတာကို.. နောင်လည်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ရမှာပဲ့ မဟုတ်လား.... အခုဟာက  ကိုယ့်ပါတီမွဲတေနေတာကို လူတွေသိအောင် လိုက်လုပ်သလိုဖြစ်နေပြီ... ဒါကြောင့်လည်း ပါတီအတွင်းမှာ စိတ်ဝမ်း ကွဲမှုတွေဖြစ်နေတာပေါ့... ပြီးတော့ စင်ဆောက်မည့်နေရာအရှေ့မှာ ထောင်ထားတဲ့ လစဉ်ဆွမ်းခြောက်ခံ ဆိုင်းဘုတ် (ဘုရားပုံပါ) နှစ်ခုကို ကန်ဖျားနယ်မြေ သက်ဆိုင်ရာလူကြီးများကို အကြောင်းမကြားဘဲ ဖျက်ပစ်လိုက်ကြတာ.. ပြီးတော့ ဒီနေရာမှာ NLD ဆိုင်းဘုတ်ထောင်လိုက်တာ အဲဒါတွေက တော်တော်အဖြစ်ဆိုးတယ်… နံဘေးမှာ လွတ်တဲ့နေရာတွေ အများကြီးရှိပါသေးတယ်…  အခုဟာက ဘာသာရေးကိုပါ စော်ကားသလိုဖြစ်နေပြီ.. လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့သဘော သက်ရောက်နေပြီ.. NLD ပါတီမှာ ပါဝင်တဲ့ ပါတီဝင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ ဒီလိုကိစ္စတွေကို ပါတီဝင်အချင်းချင်းဆွေးနွေးတိုင်ပင်သင့်တယ်… သက်ဆိုင်ရာလူကြီးတွေကို အကြောင်းကြားသင့်တယ်… ကိုယ့်လုပ်ရပ်တွေကို မပြောသာလို့ လွတ်ပေးထားရတယ်ဆိုတဲ့သဘောသက်ရောက်ရင် မကောင်းတော့ဘူး… ပါတီကို စိတ်အားထက်သန်ပြီး လုပ်ကြတယ်ဆိုပေမယ့် ပြည်သူတွေနဲ့ အတိုက်အခံဖြစ်မယ့်ကိစ္စတွေကို အလေးပေးပြီး ရှောင်ကြဉ်သင့်တယ်.. ပြည်သူတွေရဲ့ အားပေးမှုကို မပျက်စီးစေသင့်ဘူး… ဒါမှ ပြည်သူတွေက ကိုယ့်ပါတီ ရေရှည်ရပ်တည်ဖို့အတွက် အားပေးကြမှာပေါ့… အခုက ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့အတွက်ပဲ့ ရှိသေးတယ်ဆိုတာ မမေ့ဖို့ လိုအပ်တယ်…