Thursday, January 26, 2012

ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့၏ မြေဧရိယာအား သက်ဆိုင်ရာမှ လာရောက်တိုင်းတာပေး

ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့၏ ရော်ဘာစိုက်ပျိုးရေးမြေဧရိယာအငြင်းပွါးမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့မှ မြေဧရိယာပိုင်ဆိုင်မှုအား အသးစိပ်လာရောက်တိုင်းတာစိစစ်ပေးသွားကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်မှ တိုင်းမြေစာရင်းဦးစီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန အစရှိသည့် အစိုးရအဖွဲ့ဝင်များပါဝင်ကြောင်းသိရှိရပါသည်။ ထိုသို့ လာရောက်တိုင်းတာစိစစ်ပေးရာတွင် ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့ အငြင်းပွါးမှုဖြစ်ပေါ်နေသော ရော်ဘာ(၃)နှစ်သားမြေဧရိယာ မှာ နှစ်ဦးနှစ်ဖက်စလုံး လွဲမှားနေပြီး ဦးအောင်လင်းစိုက်ပျိုးထားသော ရော်ဘာ (၁၀)နှစ်သားမြေဧရိယာမှာ ဗိုလ်ချုပ်ထင်အောင်ကျော်ပိုင်ဆိုင်သော မြေဧရိယာထဲသို့ရာက်နေကြောင်းကို သိရှိရပါသည်။ ထိုရော်ဘာ (၁၀)နှစ်သားမြေဧရိယာနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်စလုံး မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်မည်ကို မသိရှိရသေးပါ။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေအတင်းလုယူသည့်သတင်း

တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ ပူးပေါင်းဒါးပြတိုက်ခြင်းဖြစ်ရပ်မှန်သတင်းစဉ်

15.1.2012 ရက်နေ့ 2:30 အချိန်တွင် ဗိုလ်ချုပ်ထင်အောင်ကျော်နှင့် အပေါင်းအပါတစ်စုမှ ဦးအောင်လင်း ပိုင်ဆိုင်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စု မြေဧက(၁၀၀)တွင် ရော်ဘာ (၃နှစ်သား) တန်ဖိုးငွေ ကျပ် (သိန်း ၆ထောင်) တန်ဖိုးရှိသောမြေအား ဗိုလ်ချုပ်ဟောင်းကြီးမှ အာဏာလက်ကျန် သုံးကာ အတင်းလုယူဖို့ကြိုးစားနေခြင်း၊ အနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ဦးအောင်လင်းသည် စိုက်ပျိုးရေး ကိုသာ အဓိက ရိုးရိုးသားသား လုပ်ကိုင်နေသော မိသားစုဖြစ်ပါသည်။ သို့ပေမယ့် ဗိုလ်ချုပ်ဘ၀မှ ယူနီဖောင်းချွတ် ပြီးပြီဖြစ်သော်လည်း လက်ရှိအာဏာကိုဆက်လက်ကိုင်စွဲကာ ဦးအောင်လင်း ဇနီး ဒေါ်ရီရီချိုတို့ ပိုင်ဆိုင်စိုက်ပျိုး ထားသောမြေကို လက်ငြိုးထိုးကာ ဦးထင်အောင်ကျော်နှင့် တနင်္သာရိတိုင်းဝန်ကြီးများပါဝင်သောအဖွဲ့သည် ဦးအောင်လင်းတို့ ဇနီးမောင်နှံအား အိမ်တစ်ဆောင်သို့ အမိန့်အာဏာဖြင့်ခေါ်ယူကာ မြေအား ပေးရမည်ဟု အတင်း အကြပ် ခေါင်းညိတ်ခိုင်းခဲ့ပါသည်။
သို့အတွက်ကြောင့်မဟုတ်မမှန်လုပ်ကြံဇာတ်လမ်းထွင်ကာ စုပေါင်းလာဘ်စားနေသော တနင်္သာရီတိုင်း အစိုးရဖွဲ့မှ ဦးထင်အောင်ကျော်၊ ဦးမောင်လှ (ကျောက်ကာ)၊ ဒေါက်တာ ၀င်းအောင် (ကော့သောင်း)၊ တနင်္သာရီတိုင်းမြေစာရင်းမှ ဒုဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး အပါအ၀င် ပူးပေါင်း၍ အတင်းအကြပ်ဖိအားပေးကားမတရားပြုကျင့်နေပါသဖြင့် နိုင်ငံတော် တရားဥပဒေအရ မှန်ကန်သောနည်းလမ်းဖြင့် ထိထိရောက်ရောက်အရေးယူပေးပါရန်နှင့် တောင်သူလယ်သမားဖက်မှအမြန်ဆုံးမှန်မှန်ကန်ကန်ဆောင်ရွက်ပေးပါရန် သမ္မတကြီးနှင့်တစ်ကွ တာဝန်ရှိသူများ သိရှိနိုင်အောင် တင်ပြအသိပေးအပ်ပါသည်။