၂၀၁၂
ခုနှစ်၊ မတ်လ (၂၄)ရက် အန်တီစုရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့မှာ ပြောစရာအများကြီး
ကျန်ရစ်ခဲ့ရပါတယ်… စက်ရုံအလုပ်ရုံအတွက် ကုန်ချောဖြစ်ဖို့ ကုန်ကြမ်းအရေးကြီးသလို၊ ကျောင်းဆရာ/မများ၏
ရည်တည်မှုအတွက် ကျောင်းသား/သူများ အရေးကြီးပါတယ်… ထို့အတူ ဆရာဝန်များအတွက် အရေးကြီးတာက
လူနာပါ… ၂၀၁၂ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ မြိတ်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆရာဝန်ချိန်းထားတဲ့
လူနာတစ်ဦးရောက်ရှိလာခဲ့ပါတယ်… အဲဒီလူနာ ဆရာဝန်ကို စောင့်နေတဲ့အချိန် (မိနစ် ၃၀ ခန့်ကြာပြီး)
သူနာပြုတစ်ဦးရောက်ရှိလာလို့ မေးကြည့်တဲ့အခါ “ဆရာမရှိဘူး… ဒီနေ့ ဂေါက်ရိုက်ဖို့ချိန်းထားလို့
ဂေါက်သွားရိုက်တယ်… မနက်ဖြန်မှ ပြန်လာခဲ့..” လို့ဆိုပါတယ်… (၂၄)ရက်နေ့မှာ ဆေးရုံကိုသွားတော့
ဆေးရုံမှာ တိတ်ဆိတ်နေပါတယ်… အဲဒါနဲ့ တွေ့တဲ့ ၀န်ထမ်းတစ်ဦး (သူနာပြုမဟုတ်ပါ) ကိုမေးကြည့်တော့
“အန်တီစုကို သွားကြိုကြတယ်…” လို့ပြောပါတယ်… (၂၅)ရက်နေ့ ထပ်ပြီးသွားပြန်တယ်… “ ဒီနေ့
အန်တီစု ဟောပြောမယ်… အဲဒါသွားနားထောင်တာ… ပြီးတော့ အန်တီစုပြန်မယ်ဆိုတော့ တစ်ခါတည်း
နှုတ်ဆက်ပြီးမှ လာကြလိမ့်မယ်…” လို့ဆိုပြန်တယ်… အဲဒါသာ စဉ်းစားကြည့်ပေတော့… အစကတည်းက
အန်တီစုခရီးစဉ်ရှိတယ်ဆိုရင် လူနာကို မချိန်းနဲ့ပေါ့… ဒါမှ ကျန်တဲ့နေရာတွေမှာ လိုက်ပြလို့ရမှာပေါ့…
(ဒါပေမယ့် ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိသလောက်ပါပဲ)… အခုတော့ ဆရာဝန်တွေအတွက် အရေးကြီးတာက
လူနာလား… အန်တီစုလား.. လို့ပြောစရာဖြစ်ကုန်ပြီ… သေမယ့်လူနာဆိုရင် သေနေလောက်ပြီ.. အန်တီစုခရီးစဉ်ကြောင့်
ပျော်စရာလူတွေ ရှိခဲ့ကြသလို၊ နှစ်နာစရာတွေလည်း အများကြီးရှိခဲ့ပါတယ်… “ဆရာဝန်ဆိုတာ
လူတွေအတွက် အားထားရာ” ဆိုတာကို ဒွိဟများစွာဖြင့်….