Sunday, March 25, 2012

မြိတ်မြို့သို့ရောက်ရှိလာစဉ် ဗကပ(UG) အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

မြိတ်မြို့သို့ရောက်ရှိလာစဉ် ဗကပ(UG) အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၀ ခုနှစ်၊ မတ်လ (၂၄)ရက် နှင့် (၂၅) ရက်နေ့များတွင် မြိတ်မြို့သို့ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ်
ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ ဗကပ (UG) အကြွင်းအကျန်များသည် NLD
ပါတီအတွင်း ၀င်ရောက်ရောနှောလှုပ်ရှားပြီး ပါတီဝင်များနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ကာ
ယခင်က ပယ်ဖျက်ထားပြီးဖြစ်သော နိုင်ငံတော်အလံများအား လွှင့်ထူအသုံးပြုစေခြင်း၊ ခေါင်းစည်းများစည်း
ခိုင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့သို့မရောက်ရှိမှီ (၃)ရက်အလိုခန့်ကပင် နိုင်ငံတော်အား အကြည်
အညိုပျက်စေမည့် တေးသီးချင်းများကို မြို့တွင်းသို့လှည့်လည်၍ ကျယ်လောင်စွာဖြင့်ညနက်သန်းခေါင် အချိန်ကျော်လွန်သည်အထိ ဖွင့်စေခြင်း၊ တပ်မတော်နှင့်ပြည်သူများအကြား သွေးကွဲစေမည့်စာသားများနှင့်
ကဗျာများဖြန့်ဝေစေခြင်း၊ ကားများနှင့် မော်တော်ဆိုင်ကယ်များစုစည်းကာ လမ်းများပိတ်ဆို့၍ အော်ဟစ်ဆူ
ပူစေခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေမည့် စကားများ၊ အပြုအမူ
များ၊ တေးသီချင်းများ စသည်တို့ဖြင့် ပြုလုပ်စေခြင်း၊ အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာရွေးကောက်
ပွဲကော်မရှင်များ၊လုံခြုံရေးတပ်ဖွဲ့များစသည်တို့ လာရောက်၍ဟန့်တားပါက အဓိကရုဏ်းဖြစ်စေရန်ရည်ရွယ် ချက်ဖြင့် NLD ပါတီနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ပေးခဲ့ပြီး NLD ပါတီအတွင်း ၀င်ရောက် ခိုအောင်းလျက်ရှိနေပါသည်။ ၄င်းတို့၏အပြုအမူများသည် နိုင်ငံတော်နှင့် NLD ပါတီကောင်းစားရေး အတွက်မဟုတ်ဘဲ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲပျက်ပြားစေရန် ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့်
ဆောင်ရွက်စေခဲ့သည်မှာ သိသာထင်ရှားလှပါသည်။ NLD ပါတီဌာနချုပ်အနေဖြင့်လည်း ၄င်းတို့၏ အပြုအမူများနှင့်ပတ်သက်၍ သိရှိနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုမည်ဟု အခိုင်အမာ သံဓိဌာန်ချမှတ်ထားသည့် ပါတီကြီးတစ်ခုအနေဖြင့် ပါတီတွင်းစည်းကမ်းရှိမှု၊ ပါတီဝင်တစ်ဦးချင်းစည်းကမ်းရှိမှုတို့သည် အခြားသော ပါတီများအတွက် စံနမူထားလောက်ဖွယ်ဖြစ်ရန်အတွက် များစွာလိုအပ်လှပါသည်။ “NLD ပါတီအကြောင်း ကမ္ဘာကသိစေရမည်” ဟု ကြွေးကြော်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြိတ်မြို့ရောက်ရှိခဲ့သည့် အတွေ့အကြုံအဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာပြည်သူလူထုတို့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချက်များစွာ
ဖြင့် စောင့်စားမျှော်လင့်နေမှုများကို မြိတ်မြို့ကဲ့သို့ဖြစ်စဉ်များကြောင့် မပျက်ပြားစေသင့်ပါ။