Friday, March 23, 2012

♣ လုပ်ကြပါအုံး….. ဒီမှာ NLD ဖြစ်ရပ် ကျွန်းစုမြို့နယ်မှာ ပြောပြန်ပြီ…♣

♣ လုပ်ကြပါအုံး….. ဒီမှာ NLD ဖြစ်ရပ် ကျွန်းစုမြို့နယ်မှာ ပြောပြန်ပြီ…♣
ကျွန်းစုမြို့နယ်တွင် နေထိုင်သူ ဦးသန်းမြင့်သည် သူပိုင်ဆိုင်သောမြေနေရာတွင် ၁၂ ပေအကျယ်ကိုခွဲဝေ၍ သူ၏သားတပည့်ဖြစ်သူ ကိုဝင်းနိုင်အား အလုပ်ဂိုဒေါင်တစ်ခုတည်ဆောက်၍ ဂဏန်းဝယ်ခွင့်ပြုထားခဲ့ပါသည်။ ကိုဝင်းနိုင်သည် ကျွန်းစုမြို့နယ် NDL ပါတီမှနေ၍ ပါတီလှုပ်ရှားမှုများကိုပြုလုပ်သောကြောင့် ဦးသန်းမြင့်သည် ကိုဝင်းနိုင်၏ဇနီးဖြစ်သူအား ဖုန်းဖြင့်ခေါ်ဆို၍ သူ၏မြေကွက်၌လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းအား တစ်နာရီအတွင်း လာရောက်ဖယ်ရှားပေးပါရန် ပြောကြားခဲ့လေသည်။ ထိုအခါ ကိုဝင်းနိုင်သည် သူ၏ဂိုဒေါင်အား လာရောက်ဖျက်ဆီးပြီး လုပ်ငန်းပြောင်းရွှေ့သွားခဲ့ပါသည်။ ထိုဖြစ်ရပ်ကိုအခြေပြု၍ ကျွန်းစုမြို့နယ် NLD ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ဒေါ်တင်တင်ရီသည် ကျွန်းစုမြို့နယ် ကော်မရှင်ရုံးသို့လာရောက်၍ ဦးသန်မြင့်နှင့်အပေါင်းအပါ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များသည် NLD ပါတီဝင်တစ်ဦး၏ အလုပ်ရုံအား လာရောက်ဖြစ်ဆီးသွားပါသောကြောင့် ဦးသန်းမြင့်နှင့် ပြည်ခိုင်ဖြိုးပါတီအား အရေးယူပေးပါရန် (နှုတ်ဖြင့်) တိုင်ကြားသွားခဲ့ပါသည်။ ထိုကြောင့် ကျွန်းစုမြို့နယ်ကော်မရှင်မှ ထိုဖြစ်ရပ်ကို ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ရပါသည်။ ကျွန်းစုမြို့နယ်ပြည်သူများအနေဖြင့် ဒေါ်တင်တင်ရီကို ရှေ့နေဘွဲ့ရထားတဲ့ ဥပဒေနားမလည်သူ၊ ကော်မရှင်ရုံးကို မလေးမစားနဲ့ ငါးစိမ်းသည်ရန်ဖြစ်သည့်ပုံစံဖြင့် လာရောက်တိုင်ကြားသွားသည်ဟု ပြောကြားလျှက်ရှိကြောင်းကို သိရှိရပါသည်။
NLD ပါတီ၏ဖြစ်ရပ်များနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် မြိတ်မြို့ သို့လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်-မြန်မာ့ဒီမိုကရေစီခေါင်းဆောင်) အနေဖြင့် NLD ပါတီ၏ရည်မှန်းချက်များနှင့် ပါတီ၏ စည်းမျဉ်းစည်းကမ်းများ၊ ကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး NLD ပါတီဝင်များအား ရှင်းလင်းပြောကြား ပြသညွှန်ကြားပေးပါရန် များစွာလိုအပ်လျှက်ရှိနေပါသည်။