Sunday, March 18, 2012

Alpha Mobile ဖုန်းအရောင်းဆိုင်တွင် ဖောက်ထွင်းခိုးယူသော တရားခံ (သူခိုး)အား ဖမ်းဆီးရမိပြီ…


၂၀၁၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် မြိတ်မြို့၊ သဲကွင်းရှိ ကုန်တိုက်၌ ဖွင့်လှစ်ထားသော Alpha Mobile ဖုန်းဆိုင်တွင် အခိုးခံရသော ဖုန်းအမျိုးအစားထဲမှာ ပါဝင်သော ဖုန်းနှင့်အတူလိုအပ်သော ဆက်စပ်ပစ္စည်းလာရောက်ဝယ်ယူသူရှိခဲ့ရာ မြိတ်မြို့၊ ပြည်သူ့ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပါသည်။ ၄င်းမှတဆင့် မြိတ်မြို့၊ ပြည်သူ့ရဲတပ်ဖွဲ့၏ စွမ်းဆောင်မှုဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် (၄) နာရီအချိန်ခန့်တွင် တရားခံအား ခိုးရာပါသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။