Saturday, October 13, 2012

မြိတ်မြို့၌ ကားများ၊ နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးသူ လူငယ်အဖွဲ့ ဖမ်းဆီးမိခြင်း

• မြိတ်မြို့၌ ကားများ၊ နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးသူလူငယ်အဖွဲ့ ဖမ်းဆီးမိခြင်း•

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ၁၀-၁၀-၂၀၁၂ ရက်နေ့ ည တွင် ကားမှန်များ၊နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံဖျက်ဆီးမှုများ ပေါ်ပေါက်ခဲ့ပါသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေညာမောင်၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များမှ ၁၂-၁၀-၂၀၁၂ ရက်နေ့တွင် လမ်းဘေးတွင် ရပ်ထားသော ကားများနှင့် နေအိမ်မှန်များအား ခဲများဖြင့် ပစ်ပေါက်သူ အောက်ပါ လူငယ် (၄)ဦးအား ဖမ်းဆီး၍ မြိတ်၊ မြို့မရဲစခန်းမှ (ပ) ၅၄၃/ ၁၂၊ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရှိရပါသည်။
၁။ အာကာနီဝင်း (ခ) အာကာ၊ (၁၉)နှစ်၊ (ဘ) ဦးနီဝင်း၊ ပိတောက်လမ်း၊ မြို့မရပ်ကွက်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့။
၂။ ညီနိုင်ဖြိုး (ခ) ကဖြိုး၊ (၁၈)နှစ်၊ (ဘ) ဦးမြင့်သောင်း၊ ချမ်းမြေ့ဆေးခန်းလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။
၃။ ဖြိုးဇော်ဦး (ခ) လီးတို၊ (၁၈)နှစ်၊ (ဘ) ဦးညွန့်လွင်၊ တပ်ပြင်ဈေးလမ်း၊ တပ်ပြင်ရပ်ကွက်၊ မြိတ်မြို့။
၎။ ကလုံး (ခ) လုံးငယ်၊ (၁၉)နှစ်၊ (ဘ) ဦးခေါင်းခွေ၊ ဈေးတန်းရပ်၊ မြိတ်မြို့။

Friday, October 12, 2012

မြိတ်မြို့ သဲကွင်းရှိ လ္ဘက်ရည်ဆိုင်အတွင်း ဓါးဖြင့် ၀င်ခုတ်

• မြိတ်မြို့ သဲကွင်းရှိ လ္ဘက်ရည်ဆိုင်အတွင်း ဓါးဖြင့် ၀င်ခုတ်•

၂၀၁၂ ခုနှစ် ၊ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် မြိတ်မြို့ မြန်အောင်ရပ်ကွက် သဲကွင်း (၂)လမ်း YES လ္ဘက်ရည် ဆိုင်အတွင်းသို့ အမည်မသိ လူ(၃)ဦး ၀င်ရောက်ပြီး ဓားဖြင့် ခုတ်ရာ

ဆိုင်ရှင် ကိုအောင်ကို နှင့် ဆိုင်လုပ်သား (၁)ဦး ဓါးခုတ်ခံရပြိး မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ထားရကြောင်း နှင့် ၄င်းအမှုအား မြိတ်မြို့ မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

http://myeiknews.blogspot.com/

မြိတ်မြို့တွင် လူငယ်တစ်စု အုပ်စုဖွဲ့ရမ်းကားပြီး ကားများနှင့် နေအိမ်များ ဖျက်ဆီးခြင်း

• မြိတ်မြို့တွင် လူငယ်တစ်စု အုပ်စုဖွဲ့ရမ်းကားပြီး ကားများနှင့် နေအိမ်များ ဖျက်ဆီးခြင်း•

(၁၀-၁၀-၂၀၁၂)ရက်နေ့ ည (၂၄း၀၀)နာရီအချိန်တွင် မြိတ်မြို့ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အိမ်ရှေ့မျက်နှာစာမှန်တံခါးများ၊ ကားမှန်များ အစရှိသည့်များကို ရိုက်ခွဲဖ

ျက်ဆီးခြင်းဖြင့် မင်းမဲ့စရိုက်ဆန်စွာ ပြုမှုလုပ်ဆောင်ခြင်း ဖြစ်ပွားမှုတစ်ရပ် ဖြစ်ခဲ့သည်။ အဆိုပါလုပ်ရပ်ကို အမည်မသိ အသက် (၂၀)ခန့် အရွယ်ရှိသော လူငယ်တစ်စုတို့မှ မော်တော် ဆိုင်ကယ်များ စီးနှင်းမောင်းနှင်းပြီး ည (၂၄း၀၀)နာရီမှ နံနက် (၄း၀၀)နာရီအချိန်ထိ ဖြိုခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ ၄င်းဖြစ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးမှု အရေအတွက်များမှာ-

(က) မြိတ်မြို့ ကန်ကြီးကွက်သစ်ရပ်၊ ဘီလမ်း ဒေါ်လေးပိုနေအိမ် အိမ်ရှေ့ မျက်နှာစာမှန်တံခါး
(ခ) မြိတ်မြို့ ကန်ကြီးကွက်သစ်ရပ်၊ ကမ်းနားလမ်း ဦးသန်းဌေး နေအိမ်ရှေ့ မီးချောင်း
(၃)ချောင်း၊
(ဂ) မြိတ်မြို့ ကန်ကြီးကွက်သစ်ရပ်၊ ကမ်းနားလမ်း ဦးထွန်းထွန်းဝင်း (ခ) ဦးဖိုးစိန် ၉-ဃ ၅၉၅၉ ပါကျဲရိုး ငွေရောင် နောက်မှန်၊
(ဃ) မြိတ်မြို့ ကန်ကြီးကွက်သစ်ရပ်၊ ငါးဦးစီးရုံးလမ်း ဦးကျော်ဝင်း လိုက်အိတ် ၈ခ-၄၇၂၇ အဖြူရောင် ဘယ်တံခါး၊
(င) မြိတ်မြို့ ထားဝယ်စုရပ် (ဘီ)လမ်း အမှတ်၂၆ ဦးမြင့်ဆွေ ဗ-၄၈၂ ပါပလေကာအဖြူရောင် ရှေ့မှန်၊
(စ) မြိတ်မြို့ ထားဝယ်စုရပ် အမှတ် ၈၃ ဦးကျော်မင်းထွန်း ၇ဂ-၆၅၄၄ ဆက် ပုလဲရောင် နောက်မှန်၊
(ဆ) မြိတ်မြို့ ထားဝယ်စုရပ် စီးလမ်း အမှတ် ၄၀ ဦးမြင့်စိုး ၅ဂ-၄၀၉၂ အစ်ဆူဇူ ဘီဝန်း အမဲ နောက်မှန်၊
(ဇ) မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း ဂျေကေစတိုး ဦးသန်းမောင် ၇ခ-၆၈၃၂ တင်တာကုန်ကား ၀ဲတံခါး
(ဈ) မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်း ကြိုင်စတိုး ကိုဘို တိုရိုတာ အပြာ ယာဉ်အမှတ် စီစစ်ဆဲ ရှေ့မှန်၊
(ည) မြိတ်မြို့ ဆိပ်ငယ်ရပ် ယုဇနကုမ္မဏီဘေး ဦးစိုးနိုင် ၆က-၈၇၂၇ မတ်တူးဘင် အဖြူရောင် ရှေ့မှန်၊
(ဋ) မြိတ်မြို့ ဆိပ်ငယ်ရပ် အမှတ် ၈၄ ကိုကျော်နေအိမ် အိမ်ရှေ့ပြတင်းမှန် ၂ချပ်၊
(ဌ) မြိတ်မြို့ မြစ်ငယ်ရပ် အိသပြေလမ်း ရွှေနန်းတော်မုန့်တိုက် မျိုးထွန်း ရွှေငါးမတ်တူး ၉က-၅၆၉၈ အဖြူ၊
(ဍ) မြိတ်မြို့ ကန်ဖျားရပ် ခရုတော ဗိုလ်ဗထူးလမ်း ကိုဇင်မင်းထွန်း ၈ဆ-၁၇၁၉ စူပါကာစတန် ခဲရောင် နောက်မှန်၊
(ဎ) မြိတ်မြို့ ဆိပ်ငယ်ရပ် နာရီစင်လမ်း ဦးအုံးတုန်း တောင်းအိတ် ခဲရောင် ရှေ့မှန် ယာဉ်အမှတ် စီစစ်ဆ၊ဲ
(ဏ) မြိတ်မြို့ ခရုတောရပ် ဖွားမင်းသိုက်လမ်း ကိုမင်းအောင်ဝပ်ရှော့ ဆပ် ၇က-၅၇၁၃ အမဲရောင် ယာတံခါးမှန်၊
(တ) မြိတ်မြို့ အလယ်ကျွန်းရပ် မင်္ဂလာလမ်း အမှတ် ၁၂၅ ဦးအောင်မြင့်ဦး ကြယ်စင်ဟိန်း မှန်လုံ ၂ခ-၉၇၄၅ ရှေ့မှန် အ၀ါရောင်၊
(ထ) မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း(၁)ရပ်ကွက် ထားဝယ်ကမ်းလမ်းမကြီး အမှတ် ၄၃ ဦးဂျူနူဒင် ၁က-၉၉၇၀ ဟိုင်းလတ် အပြာ ဘေးတံခါးမှန်၊ ဖြစ်ကြောင်း သတင်းရရှိသည်။

myeiknews.blogspot.com/2012/10/blog-post.html
Photo: • မြိတ်မြို့တွင် လူငယ်တစ်စု အုပ်စုဖွဲ့ရမ်းကားပြီး ကားများနှင့် နေအိမ်များ ဖျက်ဆီးခြင်း•

 (၁၀-၁၀-၂၀၁၂)ရက်နေ့ ည (၂၄း၀၀)နာရီအချိန်တွင် မြိတ်မြို့ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အိမ်ရှေ့မျက်နှာစာမှန်တံခါးများ၊ ကားမှန်များ အစရှိသည့်များကို ရိုက်ခွဲဖျက်ဆီးခြင်းဖြင့် မင်းမဲ့စရိုက်ဆန်စွာ ပြုမှုလုပ်ဆောင်ခြင်း ဖြစ်ပွားမှုတစ်ရပ် ဖြစ်ခဲ့သည်။ အဆိုပါလုပ်ရပ်ကို အမည်မသိ အသက် (၂၀)ခန့် အရွယ်ရှိသော လူငယ်တစ်စုတို့မှ  မော်တော် ဆိုင်ကယ်များ စီးနှင်းမောင်းနှင်းပြီး  ည (၂၄း၀၀)နာရီမှ နံနက် (၄း၀၀)နာရီအချိန်ထိ ဖြိုခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ ၄င်းဖြစ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးမှု အရေအတွက်များမှာ-

Thursday, October 11, 2012

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (နေပြည်တော်)မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (နေပြည်တော်)မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို ပြန်လည်ဖေါ်ပြပေးပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
စာအမှတ်  ၊ ၁၃  /  ရကပ - ၁ / ကမရ
ရက်စွဲ၊ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်
သို့
နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ
ပြည်နယ်နှင့် တိုင်းကော်မရှင်အဖွဲ့ခွဲအားလုံး
ခရိုင်ကော်မရှင်အဖွဲ့ခွဲအားလုံး
မြို့နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး

အကြောင်းအရာ။         နိုင်ငံရေးပါတီများအား ကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်း

၁။       ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယင်း ဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကိုလည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂။       နိုင်ငံရေးပါတီများကို ကြီးကြပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်-
          (က) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၁ တွင် “ပါတီတစ်ခုသည် ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ရရှိသည့်နေရက်မှစ၍-
              (က) သတ်မှတ်ချက်များနှင့်ကိုက်ညီသော ပါတီဝင်ခွင့်လျှောက်ထားသူများအား ပါတီဝင် အသိအမှတ်ပြုလွှာများထုတ်ပေးခြင်း၊ ပါတီဝင်များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေးများကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို ပါတီစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။
              (ခ) ပါတီဝင်အသိအမှတ်ပြုလွှာများထုတ်ပေးပြီးသော ပါတီဝင်အင်အားစာရင်းကို ပြုစုထားရှိပြီး ယင်းစာရင်းကို သတ်မှတ်သည့်အတိုင်း ကော်မရှင်သို့ တင်ပြရမည်။”
          (ခ) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ တွင်-
                   “(က) ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ-
                      (၁) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မှဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မှဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊
                      (၂) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း
                      (၃) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
                      (၄) ပုဒ်မ ၆ ပါ ၀န်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊
                      (၅) နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း၊
                          ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် ထိုပါတီ၌ ပါဝင်သော ပုဂ္ဂိုလ်များ၏ အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်သည့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသောလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊
                                      (၂) နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ထိုပါတီ၌ပါဝင်သော ပုဂ္ဂိုလ်များအား ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ၀ာာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့ မပါဝင်။
                      (၆) ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားရှိခြင်း၊
                      (၇) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါသတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်းတွေ့ရှိခြင်း။
                   (ခ) ကော်မရှင်သည် ပုဒ်မခွဲ (က) ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်။”
              (ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ တွင်-
                      “(က) ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေငြာစာ၊ အမိန့်နှင့် ညွန်ကြားချက်များပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း ကော်မရှင်ကတွေ့ရှိလျှင် ကော်မရှင်သည် ထိုပါတီအား လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် အချိန် ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်။
                      (ခ) ပါတီတစ်ခု၏ ပါတီတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့ တိုင်ပြတိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင် နိုင်ငံတော်၏အကျိုးငှာ ထိုပါတီအား လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်။
                      (ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည်။
                      (ဃ) ပုဒ်မခွဲ (ဂ) အရ ပါတီ၏မှတ်ပုံတင်ထားခြင်းကို ယာယီရပ်ဆိုင်းခြင်းခံရလျှင် ယင်းပါတီသည် ထိုယာယီရပ်ဆိုင်းထားသော ကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသောလုပ်ငန်းများမှအပ ပါတီ၏ ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည်။
                      (င) ပုဒ်မခွဲ (ဂ) ပါ ထိုယာယီရပ်ဆိုင်းထားသည့်ကာလ ကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။”
              (ဃ) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ တွင်-
                      “ ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းကြောင်း ကော်မရှင်ကတွေ့ရှိလျှင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်-
                      (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊
                      (ခ) တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊
                      (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊
                      (ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း၊
                      (င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊
                      (စ) နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း ၊ အခြား အထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊
                      (ဆ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
                      (ဇ) နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံရသော အဖွဲ့ အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေး ကူညီခြင်း၊
                      (ဈ) နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊
                      (ည) ဥပဒေပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားခြင်း။”
၃။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၈(ဋ)၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၃ နှင့် နိုင်ငံရေးပါတီများမှတ်ပုံခြင်းနည်းဥပဒေ ၁၈ တို့အရ နိုင်ငံရေးပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပေဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်လျက်ရှိပါသည်။
၎။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို ကော်မရှင်ကိုယ်စားကြီးကြပ်ရန် အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား အောက်ပါအတိုင်း ဆောင်ရွက်ရန်တာဝန် ပေးအပ်လိုက်သည် -
          (က) ပါတီဌာနချုပ်/ပါတီရုံးခွဲများတည်ရှိရာ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ များသည် အထက်အပိုဒ် ၂ နှင့် ၃ ပါအတိုင်း နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊
          (ခ)   ပါတီများ၏ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စည်းရုံးလှုပ်ရှားသည့် နယ်မြေရှိ ပြည်နယ်/တိုင်း၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် အထက်အပိုဒ် ၂ နှင့် ၃ ပါအတိုင်း နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊
          (ဂ)   လိုအပ်ပါက နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးညွှန်ကြားရန်။
၅။       ကော်မရှင်အဖွဲ့ခွဲများသည် နိုင်ငံရေးပါတီများအား ကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်အစီရင် ခံစာကို သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အဆင့်ဆင့်တင်ပြရမည်။

                                                                                      ဥက္ကဋ္ဌ
                                                                   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
မိတ္တူကို
          နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး
          အစိုးရအဖွဲ့ရုံး
          ပြည်ထဲရေးဝန်ကြီးဌာန
          တရားရုံးချုပ်
          ရှေ့နေရုံးချုပ်ရုံး
          ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအားလုံး
          နိုင်ငံရေးပါတီများအားလုံး

Tuesday, October 9, 2012

♣ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာမှာ (ပယောဂ) ဆရာကြမ်းကုလို့ သေဆုံးသွားတဲ့အမှု အမိန့်ချမှတ်လိုက်ပါပြီ... ♣

♣ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာမှာ (ပယောဂ) ဆရာကြမ်းကုလို့ သေဆုံးသွားတဲ့အမှု အမိန့်ချမှတ်လိုက်ပါပြီ…♣

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာ ကျွန်းစုမြို့နယ်အတွင်း (ပယောဂ) ဆရာကြမ်း ဆေးကုသ၍ သေဆုံးသွားတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ တော်တော်များများ သိကြပါတယ်… ဆေးကုသနေစဉ်အတောအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုအခွေကိုလည်း ကြည့်ခဲ့ဖူးတဲ့သူတွေ ရှိကြမှာပါ… အဲဒီ ဆရာကြမ်းနဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးလည်း ပေးခဲ့ကြပါတယ်…

ဒီခေတ် ဒီအချိန်အခါတွေမှာ ဆေးပညာပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး အယူလွဲမှားမှုများ၊ ရှေးရိုးစွဲအနေဖြင့် တစ်ချို့ကိစ္စတွေမှာ မမှားအပ်သည့် အမှားများ၊ ကျေးလက်ဒေသများတွင် နေထိုင်မှုများကြောင့် ခေတ်နောက်ကျခြင်းများ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အောက်ဖေါ်ပြပါ မှုခင်းတွေ ဖြစ်ခဲ့ရပါတယ်… ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ရေးသားဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်…

• တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် ဖြစ်ပွါးခဲ့သော အောက်လမ်းပညာ (ပယောဂ) ဆေးကုရာမှ သူသတ်မှုဖြစ်ပွါးခြင်းအား မြိတ်ခရိုင်၊ ဒု-ခရိုင်တရားရုံးမှ ၈-၁၀-၂၀၁၂ ရက်နေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။

• ဖြစ်စဉ်မှာ- တရားလိုဖြစ်သူ မထွေးယုမှ ၄င်းတွင်ခံစားနေရသော မိန်းမရောဂါအား ဆေးကုရန်အတွက် ခင်ပွန်းဖြစ်သူ ကိုကျော်စိုးမှ ကန့်တလူရွာနေ အောက်လမ်းဆေးကုသော ဆရာမဲကြီးဆိုသူအား ခေါ်ဆောင်လာခဲ့ပါသည်။ ထို့အပြင် မထွေးယု၏အစ်မဖြစ်သူ ပထော်ကျေးရွာနေ မသန်းနု (သေဆုံးသူ) အားလည်း စုန်းဝင်ပူးသည် ဆိုသည့်ရောဂါဖြင့် ၂၄-၄-၂၀၁၂ ရက်နေ့မှစတင်၍ ကမ်းကြီးကျေးရွာတွင်ဆေးကုရင်း ၂၈-၄-၂၀၁၂ ရက်နေ့တွင် မသန်းနုမှာ သေဆုံးသွားခဲ့ပါသည်။ ထိုသို့ဆေးကုရာတွင် ဆရာမဲကြီးမှ မသန်းနုအား ရင်ကန်းသား၊ ၀ါးလုံး၊ ရေပိုက်ပျော့တို့ဖြင့် ရိုက်နှက်ခြင်း၊ နားထင်သို့ ဓါးဖြင့် (၁)ချက် ခုတ်ခြင်း၊ အရက်တိုက်ခြင်း အစရှိသည့် ကုသမှုများကြောင့် မသန်းနုမှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပါသည်။

ဆရာမဲကြီးနှင့်အတူ ကိုကျော်စိုး (တရားလို၏ခင်ပွန်း)၊ ကိုကျော်ထွန်း (ကိုကျော်စိုး၏ယောက်ဖ)တို့အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၂၉-၄-၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မေလတွင် မြိတ်ခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂/၁၁၄ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ပါသည်။ အဆိုပါအမှုအား မြိတ်ခရိုင်၊ ဒု-ခရိုင်တရားရုံးမှ ပြစ်မှုကြီးအမှတ် - ၃၀/၂၀၁၂ ဖြင့်လက်ခံစစ်ဆေးခဲ့ပြီး ၈-၁၀-၂၀၁၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ

၁။       တရားခံ မဲကြီးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်၊
၂။       တရားခံ ကျော်စိုးနှင့် ကျော်ထွန်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂)/၁၁၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၈)နှစ်စီ အသီးသီး ဥပဒေနှင့်အညီ အမိန့်ချမှတ်ခဲ့ပါသည်။

Monday, October 8, 2012

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် ပါတီမှခွါထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သို့ ပူးပေါင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် ပါတီမှ ခွါထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သို့ ပူးပေါင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် သည်  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပူးပေါင်းလိုက်ပါသည်။ NDF ဥက္ကဌ ဦးခင်မောင်ဆွေမှ ပြီးခဲ့သည့် တစ်ပတ်ခန့်က မိမိပါတီအား လာရောက်ပူးပေါင်းမှုကို ခွင့်ပြုခဲ့ပြီး NDF ပါတီအနေဖြင့် တရားဝင် စာရောက်ရှိလို့ လာခဲ့ပြီဖြစ်သည်။ NLD မှ ခွါထွက်ပြီး NDF သို့ ၀င်ရောက်သည်မှာ ဦးဖိုးကြည် အပါအ၀င် ကိုနိုင်ဦး၊ ကိုကျော်စွာ စသည့် အပေါင်းအပါများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအချိန်ကတည်းကပင် ကျွန်းစုမြို့နယ် NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်တင်တင်ရီနှင့် ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်နေသည်မှာ တော်တော်ပင် ကြီးထွားလို့လာခဲ့ပါသည်။ ငွေကြေးကိစ္စများ၊ အာဏာလုသည့် ကိစ္စများ စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဒေါ်တင်တင်ရီနှင့် အပေါင်းအပါများအား မကျေနပ်ကြသောကြောင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် မှာ ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရပါသည်။ ယခုဆိုလျှင် ကျွန်းစုမြို့နယ်မှ NLD ပါတီဥက္ကဌ ဦးဖိုးကြည်နှင့် အပေါင်းအပါများ NDF သို့ စတင်၍ ခြေလှမ်းများ လျှောက်လှမ်းလို့လာခဲ့ပါပြီ…

ကျွန်းစုမြို့နယ်၊ ဥက္ကဌ ဦးဖိုးကြည်