Thursday, March 8, 2012

မီးသတ်ကားဥသြဆွဲသံတပ်ဆင်ထားသော မော်တော်ဆိုင်ကယ်များကို တားမြစ်စေလို

မြိတ်မြို့တွင် မီးဘေးဒဏ်ကို များစွာခံခဲ့ရပါသောကြောင့် “မီး” ဟုအသံကြားလျှင်/ မီးသတ်ကားများ၏ ဥသြဆွဲသံကြားလျှင် အတော်ပင် ထိတ်လန့်၍ နှလုံးတုန်ခြောက်ခြားဖွယ်ဖြစ်ရပါသည်။ ယနေ့မြိတ်မြို့တွင် မောင်းနှင်နေသော တချို့သောမော်တော်ဆိုင်ကယ်များတွင် မီးသတ်ကားများ၏ ဥသြဆွဲသံနှင့်တူသော အသံများကိုတပ်ဆင်၍ မောင်းနှင်နေသည်ကို တွေ့ရှိရပါသည်။ ထိုအသံများကြောင့် ပတ်ဝန်းကျင်နှင့် သက်ကြီးရွယ်အိုများကို ထိတ်လန့်၍ စိတ်အနှောက်အယှက်များစွာဖြစ်ပေါ်လျှက်ရှိနေပါသည်။ သို့ပါသောကြောင့် သက်ဆိုင်ရာတာဝန်ရှိများမှ ၄င်းအသံနှင့်ပတ်သက်၍ရောင်းချနေသော ဆိုင်ကယ်ပစ္စည်းဆိုင်များ၊ တပ်ဆင်ထားသော မော်တော်ဆိုင်ကယ်များကို တားမြစ်ဆောင်ရွက်ပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်။