Wednesday, March 7, 2012

မြိတ်မြို့လျှပ်စစ်မီးများ စွမ်းဆောင်ပေးပါရန်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှနေ၍ မြိတ်မြို့လျှပ်စစ်မီးလင်းရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးမှု မရှိသေးသော်လည်း လက်ရှိသုံးစွဲနေရသော လျှပ်စစ်မီတာခမှာ တစ်ယူနစ်လျှင် (၄၃၀) ကျပ်သို့ ပိုမို၍ပင် ဈေးတက်လာခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်နေထိုင်သော ပြည်သူလူထုချင်း အတူတူပင်ဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီးတွင်နေထိုင်သော ပြည်သူလူထုမှာ လူ့အခွင့်အရေးများစွာ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေရပါသည်။ ထို့အပြင် လျှပ်စစ်မီးပေးနေသော ဦးဘငယ် (ကန်ခေါင်းမီးလင်းရေး) မှ ပေးထားသောလျှပ်စစ်မီးမှာ မီးအားမတည်ငြိမ်မှု များပြားခြင်း၊ (volt) ဗို့အားမမှန်မှု များပြားခြင်းများကြောင့် လျှပ်စစ်ပစ္စည်းများ ဆုံးရှုံးမှုများပြားခြင်းများလည်း ဖြစ်ပေါ်လျှက်ရှိနေကြောင်း သိရှိရပါသည်။ ထို့အတူပင် မြို့သစ် လျှပ်စစ်မီးလင်းရေးမှပေးထားသော လျှပ်စစ်မီးမှာ ပိုမို၍ မီးပျက်သည့်ရက် များပြားလာကြောင်းကိုလည်း သိရှိရပါသည်။ သို့ပါသောကြောင့် သက်ဆိုင်ရာအစိုးအဖွဲ့မှ လျှပ်စစ်မီးရရှိအောင် မစွမ်းဆောင်ပေးနိုင်သော်လည်း လက်ရှိပေးထားသော လျှပ်စစ်မီးတည်ငြိမ်အောင် စိစစ်ဆောင်ရွက်ပေးပါရန် အထူးပင် တောင်းဆိုတင်ပြ အသိပေးအပ်ပါသည်။ ပြည်သူလူထုမှ ရွေးချယ်ထားသောအစိုးရအဖွဲ့ဖြစ်သောကြောင့် ပြည်သူလူထုအတွက် ကျေနပ် မှုများပေးနိုင်လိမ့်မည်ဟု မျှော်လင့်တောင့်တကြောင်းကိုလည်း တင်ပြအပ်ပါသည်။