Saturday, September 29, 2012

မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ နာရေးအထောက်အကူအသင်း၊ သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေး


မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ နာရေးအထောက်အကူအသင်း၊ သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေး

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ နေ့လည် (၁၂၀၀) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြိတ်တောင်ရပ်ကွက်၊ နာရေးအထောက်အကူအသင်း၊ ၂၀၁၁-၁၂ ခုနှစ်၊ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကို မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်… ၄င်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နာရေးအထောက်အကူပြု အသင်းဝင်များနှင့် မိဘပြည်သူများ စုစုပေါင်း အင်အား (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်…
ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားအစီအစဉ်များမှာ-
၁။       နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကတော့၍ အစည်းအဝေးဖွင့်လှစ်ခြင်း၊
၂။       နာယကမှ အဖွင့်အမှာစကားပြောကြားခြင်း၊
၃။       ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊
၎။       ဒု-ဥက္ကဌမှ အမှာစကားပြောကြားခြင်း၊
၅။       တွဲဘက်အတွင်းရေးမှူးမှ အမှာစကားပြောကြားခြင်း၊
၆။       ၂၀၁၁-၂၀၁၂ ခုနှစ် စာရင်းရှင်းတမ်းအား အတွင်းရေးမှူးမှ ဖတ်ပြခြင်း၊
၇။       အကွက်အလိုက် အသင်းကော်မတီများနှင့် အသင်းသူ/သားများမှ အထွေထွေပိုင်းကိစ္စ ဆွေးနွေးခြင်း၊
၈။       ဆွေးနွေးတင်ပြချက်များအား ဥက္ကဌမှ ရှင်းလင်းအတည်ပြုခြင်း၊
၉။       ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနားပြီးမြောက်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါတယ်…
          အခမ်းအနားသို့တက်ရောက်လာသောသူများအား အကျွေးအမွေးများနှင့်ဧည့်ခံပြီး လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်...