Thursday, January 26, 2012

ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့၏ မြေဧရိယာအား သက်ဆိုင်ရာမှ လာရောက်တိုင်းတာပေး

ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့၏ ရော်ဘာစိုက်ပျိုးရေးမြေဧရိယာအငြင်းပွါးမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့မှ မြေဧရိယာပိုင်ဆိုင်မှုအား အသးစိပ်လာရောက်တိုင်းတာစိစစ်ပေးသွားကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်မှ တိုင်းမြေစာရင်းဦးစီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန အစရှိသည့် အစိုးရအဖွဲ့ဝင်များပါဝင်ကြောင်းသိရှိရပါသည်။ ထိုသို့ လာရောက်တိုင်းတာစိစစ်ပေးရာတွင် ဦးအောင်လင်းနှင့် ဗိုလ်ချုပ်ထင်အောင်ကျော်တို့ အငြင်းပွါးမှုဖြစ်ပေါ်နေသော ရော်ဘာ(၃)နှစ်သားမြေဧရိယာ မှာ နှစ်ဦးနှစ်ဖက်စလုံး လွဲမှားနေပြီး ဦးအောင်လင်းစိုက်ပျိုးထားသော ရော်ဘာ (၁၀)နှစ်သားမြေဧရိယာမှာ ဗိုလ်ချုပ်ထင်အောင်ကျော်ပိုင်ဆိုင်သော မြေဧရိယာထဲသို့ရာက်နေကြောင်းကို သိရှိရပါသည်။ ထိုရော်ဘာ (၁၀)နှစ်သားမြေဧရိယာနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်စလုံး မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်မည်ကို မသိရှိရသေးပါ။