Wednesday, August 1, 2012

NLD ပါတီနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု ဖြစ်စဉ်များ


NLD ပါတီ သုံးသပ် ပြုလုပ် ဆောင်ရွက်ပေးစေချင်
(ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု)

သုံးသပ်ရန် ဖြစ်စဉ် (၁)
          ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့၊ (၁၉း၀၀)နာရီအချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ကံမော်ကျေးရွာတွင် NLD ပါတီ၏ ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သော ဦးထွန်းဗို သည် ၄င်း၏နောက်လိုက်တစ်ချို့နှင့်အတူ ကံမော်ရွာတောင်ထိပ်ပိုင်းရပ်ကွက်နှင့် ဘုရားတောင်ပိုင်းဖက်များတွင် တစ်အိမ်တက်ဆင်း၍ လျှို့ဝှက်စွာဖြင့် လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း၊ ထိုကဲ့သို့ လက်မှတ်ထိုးခိုင်းနေခြင်းအကြောင်းအရင်းကို သိရှိသူများရှိသလို မသိဘဲနှင့် လက်မှတ်ထိုးလိုက်ရသူများနှင့် ထိုးပြီးနောက်မှသိရှိရ၍ လက်မခံသောသူများလည်းရှိကြောင်းကို သိရှိရပါသည်။ ဦးထွန်းဗို လက်မှတ်ထိုးခိုင်းနေသော အကြောင်းမှာ ကံမော်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် (ခ) ဦးဘာဘူအား တိုင်ကြားရန်ဖြစ်သည်ဟု သိရှိရပြီး ၄င်းဦးထွန်းဗိုသည် (၂၈၊ ၇၊ ၂၀၁၂) ရက်နေ့တွင် အဆိုပါလက်မှတ်များကို ယူဆောင်၍ မြိတ်မြို့သို့တက်လာကြောင်းများကို သိရှိရပါသည်။

သုံးသပ်ရန် ဖြစ်စဉ် (၂)

          ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၏ NLD ပါတီဝင်တစ်ဦးဖြစ်သော ဦးအိုကြီးဆိုသူသည် ယခုလက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်လို၍ ကံမော်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင် ဦးဇော်ဝင်းနှင့်အတူ ရပ်ရေးရွာရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်နေ လျှက်ရှိရာ NLD ပါတီ၏ လူကြီးပိုင်း (၃)ဦးမှ ဦးအိုကြီးကို ၄င်းတို့၏ရုံးသို့ခေါ်ယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ ဘာကြောင့်ဝင်ရသလဲဟုမေးမြန်းရာ ဦးအိုကြီးမှ NLD ပါတီတွင် အစစအရာရာ ငွေကြေးကုန်ကျနေကြောင်း၊ ပြည်ခိုင်ဖြိုးပါတီတွင် ငွေကြေးကုန်ကျမှုမရှိသည့်အပြင် ကုသိုလ်ရသည့် လုပ်ငန်းများကို လုပ်ကိုင်နေသဖြင့် စိတ်ဝင်စား၍ ၀င်ရောက်ခဲ့ကြောင်းကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ရန် ဖြစ်စဉ် (၃)

          ၂၁၁၂ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ (၂၀း၃၀) နာရီအချိန်ခန့်တွင် ကံမော်ကျေးရွာ NLD ပါတီခေါင်းေ်ဆာင်ပိုင်းတစ်ဦးဖြစ်သော ဦးစန်းမောင်သည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးဇော်ဝင်း ထံသို့ လာရောက်၍ ရပ်ရေး/ရွာရေးလုပ်ငန်းများတွင် မိမိတို့သည်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် အတူ လက်တွဲလုပ်ကိုင်လို၍ လာရောက်ကမ်းလှမ်းကြောင်းများကို သိရှိရပါသည်။

♦ ♦ ♦  ပုဂ္ဂိုလ်ရေး ထိခိုက်လိုစေချင်းဖြင့် ရေးသားခြင်းမဟုတ်ပါ ♦ ♦ ♦