Thursday, August 9, 2012

♦ မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တနင်္သာရီမြို့နယ်အတွင်းရှိ ရေကြီးနှစ်မြှုပ် ရပ်ကွက်နှင့် ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း♦


မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုးလာသဖြင့် ပတ်ဝန်းကျင်ကျေးရွာတစ်ချို့တွင် ရေ၀င်ရောက်သောကြောင့် ရေလွှတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးသည့် အိမ်ထောင်စုများနှင့် ရေ၀င်ရောက်သော အိမ်ထောင်စုများကို မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ - ၈ - ၂၀၁၂) ရက်နေ့နှင့် (၅ - ၈ - ၂၀၁၂)ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရေနစ်မြှုပ်သော ရက်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ သွားရောက်ပေးအပ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှာ မြေမအုံရွာ၊ ပျို့အိုင်ရွာ၊ ကျွဲထိန်းကွင်း၊ ညောင်ပင်ကွင်းအရှေ့၊ သာရဘွင်အုပ်စု၊ သိန္ဓောအုပ်စု၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ ပညာရေးမိသားစုနှင့် ပ၀အုပ်စုတို့ဖြစ်ကြောင်း သိရှိရပါသည်။