Saturday, August 4, 2012

♦♣♦ မြိတ်မြို့မှာ ပြည်သူတွေကို ပေးတဲ့ အိပ်မက်တွေ ♦♣♦

♦♣♦ မြိတ်မြို့မှာ ပြည်သူတွေကို ပေးတဲ့ အိပ်မက်တွေ ♦♣♦
အခုဆိုရင် ဖုန်းတွေကို တန်ဖိုးနည်းသထက်နည်းအောင် သုံးစွဲခွင့်ပြုခဲ့တဲ့အတွက် (ဒီထက်နည်းဖို့လည်း မျှော်လင့်နေပါတယ်) လူတော်တော်များများဟာ သုံးစွဲနိုင်ခဲ့ကြပါတယ် ပြီးတော့ ဖုန်းတွေမှာ အင်တာနက်လိုင်းတွေပါ သုံးစွဲခွင့်ရတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ နည်းပညာပိုင်းဆိုင်ရာရော သတင်းအချက်အလက်နှင့် ဆက်သွယ်မှုပိုင်းဆိုင်ရာတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာပါတယ် (ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကောင်းဖို့လည်း မျှော်လင့်ပါတယ်)၊ နည်းပညာပိုင်းဆိုင်ရာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ လေ့လာလိုက်စားမှုတွေလည်း များပြားလာပါတယ်.. အဲလိုလေ့လာလိုက်စားမှုအတွက် လျှပ်စစ်ဟာ အင်မတိ အင်မတန်ကို အရေးကြီးပါတယ်.. လျှပ်စစ်မီးသာ မှန်နေမယ်၊ မီတာခတွေ ဈေးသက်သာနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန် ပိုမိုမြင့်မားလာမယ် မြို့/ရွာတွေဟာလည်း ဖွံ့ဖြိုးလှပလာပါမယ်.. (မှောင်ရိပ်ခိုမှုဆိုတာဟာလည်း နည်းသွားမယ်ပေါ့).. အခုဟာက လူတွေလေ့လာချင်သလို လေ့လာဖို့အတွက် မီတာခတွေက အရမ်းကြီးနေတော့ ကမ္ဘာနဲ့ယှဉ်ပြီးမကြည့်နဲ့ ကိုယ့်နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးမှုကိုတောင် လိုက်လို့မမှီ ဖြစ်နေတယ် အခု ကျနော်တို့မြိတ်မှာ မီတာခက တစ်ယူနစ်ကို ၄၅၀ ကျပ်နဲ့အထက်ဆိုတော့ ပိုလို့တောင်ဆိုးသေးတယ်.. မီတာခသာဈေးများတာ မီးက အားလည်းမပြည့်၊ ညိမ်လည်းမညိမ်ဆိုတော့ ပြည်သူတွေရဲ့ ရှိစုမဲ့စုလျှပ်စစ်ပစ္စည်းတွေပါ ကြွကုန်တယ် ဆုံးရှုံးမှုတွေ တော်တော်ကို များတယ် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ကွန်ပျူတာတို့ နည်းပညာပိုင်းဆိုင်ရာတို့ကို လေ့လာဖို့အတွက် တော်တော်ကြီးကို ဝေးနေပါတယ်.. အနာဂတ်အတွက် တော်တော်ကို ရင်လေးစရာပါ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလမှာတော့ မြိတ်မြို့မှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေ သူ့တို့မဲနိုင်ဖို့အတွက် ပြည်သူတွေကို မက်လုံးတွေပေးလိုက်ကြတာ (ဒီအချိန်တုန်းကတော့ သူတို့ပြောတာကို နည်းနည်းတော့ မျှော်လင့်မိတာပေါ့).. အဲ ယုဇန ဦးဌေးမြင့်ကတော့ မီတာခ တစ်ယူနစ်ကို ၂၀၀ ကျပ်နဲ့ ရွေးကောက်ပွဲမတိုင်မှီ တစ်လလောက်က လုပ်ပေးတယ်ဆိုတော့ ဟုတ်လှပြီလို့ထင်နေတာ.. မဲများနိုင်ရင် ဒီထက်တောင် ကျသွားအုံးမလားပေါ့ ဒီအချိန်က မြိတ်မှာ လျှပ်စစ်မီးတွေ ထိန်လို့ နောက်လကျတော့ အရင်ထက်တောင် ပြန်တက်သွားသေးတယ်... မဲနိုင်ဖို့အတွက် လမ်းခင်းပေးမယ့်ပုံစံနဲ့ လမ်းတွေကို လိုက်ကြည့်လိုက်ကြတာ ဘယ်ကလာ သူတို့ မဲရှုံးနိုင်တဲ့နယ်မြေတွေ၊ ရပ်ကွက်တွေမှာလောက်ပဲ တစ်လမ်းလောက် ခင်းပေးသွားကြတယ်.. စည်းရုံးရေးတွေဆင်းပြီးတော့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ် အိပ်မက်ပေးသွားကြတာ.. မဲလဲနိုင်ရော ပေါ်ကိုမလာတော့ဘူး ရဟန်းသံဃာ၊ ပြည်သူတွေကို လိမ်ထားတာ တော်တော်ကိုများတာကိုး  မြိတ်ကို သူ့ထက်ကြီးတဲ့ လူကြီးလာရင်တော့ တစ်ခါတစ်လေ ပါတယ်လို့တော့ ကြားတာပဲ လူကြီးနောက်လိုက်ပြီး ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ပေါ့.. လိမ်တဲ့အကျင့်က ပါနေတာကိုး အလိမ်ကြီးတဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ငလိမ်ကြီး ဦးခင်ဇော် (ဗိုလ်ချုပ်ခင်ဇော်)တော့ လိမ်တဲ့အကျိုး၊ ခေါင်းပုံဖြတ်တဲ့အကျိုး၊ ပြည်သူတွေရဲ့ မေတ္တာ စူးပြီးတော့ လားသွားတယ်
ကြားဖြတ်ရွေးကောက်ပွဲအချိန်တုန်းက မြိတ်မြို့မှာတော့ ရွေးကောက်ပွဲမရှိဘူး ဒါပေမယ့် မြိတ်ခရိုင်အတွင်းမှာပါတဲ့ ကျွန်းစုမြို့နယ်မှာတော့ ရှိတယ်.. ပြည်ခိုင်ဖြိုးပါတီက ဦးချစ်သန်းနဲ့ NLD ပါတီက ဒေါ်တင်တင်ရီတို့ အရွေးချယ်ခံကြတယ်.. ဒီတုန်းက  ဦးချစ်သန်းကတော့ ကျွန်းစုမြို့နယ်အတွက် အိပ်မက်လည်းပေး၊ လုပ်သင့်သလောက်လည်း  လုပ်ပေးသွားပါတယ် မဲနိုင်ဖို့ စည်းရုံးရေးဆင်းတာလေ NLD မဲနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က မြိတ်မြို့ကိုဆင်းလာပြီး စည်းရုံးရေးဆင်းသွားတယ် ဒီတုန်းကအခြေအနေကိုလည်း မြိတ်သူမြိတ်သားတွေ သိတဲ့အတိုင်းပဲ.. အနီတွေကို ပလူပျံလို့.. စည်သာရာ လိုက်ကလိုက်ကြတာ ဒီတော့ NLD တွေ ပိုလို့ ကြွတာပေါ့ ဒီတုန်းကလည်း ပြဿနာတွေ စုံလို့ပဲ.. ဒီတော့ NLD က ဒေါ်တင်တင်ရီက  အခုပဲ ကျွန်းစုမြို့က နေပြည်တော်လို ဖွံ့ဖြိုးတိုးတက်သွားမယ့် ပုံစံမျိုးနဲ့..  ပြီးတော့ ငါးဖမ်းစက်လှေတွေ သူ့ခွင့်ပြုချက်နဲ့ဆို အကုန်အဆင်ပြေမယ့် ပုံစံမျိုးနဲ့ အိပ်မက်တွေပေးပြီးတော့ ဘာမှကို မလုပ်ပေးဘူး.. သူများတွေကို အချွန်နဲ့မတာတွေပဲ လုပ်တယ်.. NLD က ပါတီဝင်တွေက သူတို့ဟာသူတို့ ဘာမှတ်နေလည်းတော့ မသိဘူး.. ပြည်သူတွေကို လေးစားမှုမရှိဘူး (ကျနော်တော့ ဟိုဟာပဲ မှတ်တယ်..)၊ ကျွန်းစုမြို့နယ်က အချို့ပြည်သူတွေဆို NLD ကို ဒေါ်အောင်ဆန်းစုကြည်ပဲသိတာများတယ် ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကျမှာ NLD က ဒေါ်တင်တင်ရီနိုင်သွားတယ်.. NLD နိုင်တာ တစ်နိုင်ငံလုံးနီးပါးပါပဲ ဒါပေမယ့် မဲသွားနိုင်သွားတယ်.. ကျွန်းစုမြို့မှာ ဒေါ်တင်တင်ရီက အိပ်မက်တွေပေးပြီး အခုထိ လိမ်လို့ကောင်းနေတုန်း ပြဿနာတော့ မီးခွက်ထွန်းပြီးကို ရှာတယ် ပါတီဝင်တွေဆီမှာရော ပြည်သူတွေဆီမှာပါ ပိုက်ဆံကိုတော့ ပုံစံအမျိုးမျိုးနဲ့ ကောက်တယ် ကြားမဲတုန်းက စာရင်းတွေလည်း အခုထိ ပျောက်နေတုန်း  ဦးချစ်သန်းကတော့ မဲမနိုင်လည်း သူပေးထားတဲ့ အိပ်မက်တွေကို အခုထိ အကောင်အထည် ဖေါ်နေတုန်းပဲ..
ဒါကြောင့် ကျနော်တို့ မြိတ်မြို့မှာလည်း အိပ်မက်တွေပေးပြီး လိမ်တဲ့ ဦးဌေးမြင့် မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်တဲ့သူတွေကို မျှော်လင့်ပါတယ် မြိတ်မြို့မှာ လမ်းတွေကောင်းပြီး မီတာခတွေ သက်သာပါစေလို့.. (အိပ်မက်တွေ မက်နေတုန်း)
http://tanintharyinews.blogspot.com/