Thursday, August 9, 2012

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီရုံး ဖွင့်လှစ်ခြင်း

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီရုံး ဖွင့်လှစ်ခြင်း
၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၉)ရက် (ကြာသပတေးနေ့)တွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြိတ်တောင်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာတို့တွင် ရပ်ကွက်/ကျေးရွာပြည်ခိုင်ဖြိုးပါတီရုံးခန်း  ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ကျင်းပခဲ့ပါသည်။
မြိတ်တောင်ရပ်ကွက် ပါတီရုံးအား ဦးသန်းထွန်း၏နေအိမ်၌ မနက် (၈း၃၀) နာရီနှင့် မြိတ်တောင်ကျေးရွာ ပါတီရုံးအား ဦးကြည်ဝင်း၏နေအိမ်၌ မနက် (၉း၃၀)နာရီတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသူများမှာ ဒေါက်တာကျော်ဆန်း (လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ဦးသိန်းလွင် (သစ်တောသတ္တုဝန်ကြီး)နှင့် ဦးကိုကိုကြီး (မနအတွင်းရေးမှူး)တို့ဖြစ်ပြီး ဦးအေးအောင် (တနင်္သာရီတိုင်းဒသကြီး ပြည်ခိုင်ဖြိုးကော်မတီဝင်) မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ဦးဝင်းညွှန့် (စည်းမှူး-မြိတ်တောင်ရပ်ကွက်)နှင့် ဦးကြည်ဝင်း (စည်းမှူး-မြိတ်တောင်ကျေးရွာ) တို့မှ ဆိုင်းဘုတ်အား ကြိုးဆွဲဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ တက်ရောက်သော အင်အားမှာ (၄၀၀)ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။