Friday, August 17, 2012

ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်ပြီး မှားယွင်းစွာ ထင်မြင်နေသူများအား ဖြေရှင်းပြခြင်း





၁။ ၀ဘ်ဆိုက်တွင် အသံအရမ်းကျယ်လို့ ဘေးအိမ်တွေနဲ့ ကျောင်းကတောင်မှ ကလေးတွေ လန့်ပြေးကြတယ်လို့ ဆိုထားတဲ့ ၀ဘ်ဆိုက်အတွက် ပြောပြချင်တာလေးပါ။

ဖြေ။ ကျောက်မီးသွေး စက်ရုံစတင် မလည်ပတ်ခင်မှာ အထဲမှာ ရှိနေတဲ့ သံမှုန်များနှင့်ချေးများကို ရေနွေးနှင့်ချေးချွတ်ရပါတယ်။ ပြီးတာနဲ့ အထဲက အမှုန်အမွှားများနှင့်လည်ပတ်မှု့စနစ် ရှင်းလင်းသွားအောင်လို့ စက်ရုံကို ရေနွေးငွေ့ကို pressure ပေးပြီး အပြင်ကို ရေမကျန်အောင်နှင့်အထဲကကချေးများ ပြင်းထန်စွာတုန်ခါပြီး အပြင်ကိုထွက်သွားအောင်လို့ လွှတ်ထုတ်ရပါတယ်။ ဒါဟာ ပထမတစ်ချက်ပါ။ အမြဲတမ်းဖြစ်နေမယ့် အရာမဟုတ်ပါဘူး။

၂။ မီးခိုးပြာများကျလို့ အနားက အိမ်တွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
တစ်ခြားသူအတွက်တော့ ဘယ်လိုနေလဲတော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ အတော့်ကို ဟာသပါပဲ။ စက်ရုံတောင် စပြီးမလည်ရသေးပါဘူး။ ချေးချွတ်ဆေးကြောနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အဲ့မှာ အသေးစိတ်သိချင်ရင် အင်္ဂလိပ်လို ကျွမ်းကျင်သူများနှင့် မေးမြန်းခွင့်ရှိသူများ တာရိုက်မေးမြန်းကြည့်ပါ။ သိပါလိမ့်မယ်။ စက်ဆေးတဲ့အတွက် မီးခိုးပြာက ဘယ်ကကျသသလဲဆိုတာကို ကျွန်တော်တော့် မခန့်မှန်းတတ်ပါ။

၃။ နေအိမ်နဲ့အရမ်းနီးလို့ဆိုတဲ့ ညီလေးတစ်ယောက် အတွက်ကိုလည်း ပြန်ပြောပြချင်ပါတယ်။
ယခုသတ်မှတ်ဆောက်လုပ်ထားသော နေရာသည် ညီပြောသလို နေအိမ်နှင့်ညီပြောသလောက် မဝေးပါ။ ပြီးတော့ စက်ရုံတကယ်လည်ပတ်ပြီဆိုရင် အင်ဂျင်သံသာ ဘာသံကြားရမလဲ၊ အခုလည်ပတ်နေတဲ့ စက်သုံးဆီအင်ဂျင်သံ(မြို့လည်တွင် တည်ဆောက်ထားသည့် စက်ရုံ)နှင့် ယှဉ်ကြည့်လိုက်ပါ။ လည်ပတ်မှု့အဆင့်ရောက်မှ ဒါတွေကို ဝေဖန်ပါ။ မြို့ရဲ့ ၁၀၀%လောက်ဟာ ဒီလုပ်ရပ်ကို ဖြစ်မြောက်ဖို့ ဆုတောင်းတဲ့သူနဲ့ မဖြစ်စေချင်သူ ဘယ်သူများမယ်ထင်ပါသလဲ။ ကျွန်တော့် ခန့်မှန်းချက်အရ ၉၃% ကျောက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ တကမ္ဘ္ဘာလုံးမှာ မီးအသုံးအများဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။ မီးဘာလို့သုံးနိုင်သလဲ။ ကိုပဲပြန်ဖြေပေးပါ့မယ်။ တရုတ်နိုင်ငံပါ။ ဘာလို့ တရုတ်နိုင်ငံဟာ မီးအများဆုံး သုံးနိုင်သလဲ။ အဓိကက ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်ရုံတွေများပြားလှတဲ့အတွက် တကမ္ဘ္ဘာလုံးက မယှဉ်ပြိုင်နိုင်လောက် အောင်အထိကို စက်မှု့လက်မှု့အပိုင်းမှာ ဈေးအချိုဆုံးနှင့်အဆင့်အမီဆုံး အဆင့်အနိမ့်အမြင့် စက်ရုံပေါင်းများစွာ လည်ပတ်နိုင်သွားတာပါ။ ပြီးတော့ စက်ရုံရဲ့အသံဘယ်လောက်ကျယ်သလဲ။ ဘယ်လိုနေရာမှာ တည်ဆောက်ထားသလဲ။ google earth ရှိသူများ ကြည့်တတ်သူများ ကြည့်နိုင်ပြီး ရှာဖတ်သူများရှိက ရှာဖတ်စေလိုပါတယ်။ ခုပြောနေတာ ဘယ်ဖက်ကိုမှ ထိခိုက်နစ်နာစေလိုစိတ်မရှိပါဘူး။ ကျွန်တော့်အမြင်တော့။ လုပ်ငန်းတစ်ခုဟာ အမြဲတမ်း တသက်တာလုံးလုပ်ကိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်အချိန်ဖယ်ပေးရမလဲ။ သူပေးနိုင်တဲ့ ဈေးနှုန်းထက် ချိုသာတဲ့သူက နည်းပညာနှင့်ပေါင်းပြီး သင့်တော်တဲ့ဈေးနှုန်းချပေးပြီး လူထု့အတွက် အနစ်နာခံပေးရင် ဖယ်ပေးရတတ်ပါတယ်။ ဒါဟာတကမ္ဘ္ဘာလုံးက စက်မှု့လက်မှု့တိုးတက်တဲ့နိုင်ငံတိုင်းဟာ ဖြစ်ပျက်နေတဲ့ တွေ့ကြုံနေတဲ့ အဖြစ်အပျက်ပါ။ made in china ဆိုတဲ့ တံဆိပ်တိုင်းကို လူတိုင်းနီးပါး တွေ့ဖူးမှာပါ။ နာမည်အကြီးဆုံး iphone, ipot, ipad, mac book, ထုတ်လုပ်နေတဲ့ အဓိက ပင်မစက်ရုံနှင့် apple product ကိုယ်ထည်တွေကို ထုတ်လုပ်ပေးနေတဲ့စက်ရုံတွေ ဘယ်မှာ ရှိသလဲ။ လျှပ်စစ်ဓါတ်အား များများသုံးနိုင်တဲ့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံမှာ မီးအားကြောင့် စက်ရုံတွေများလာတာ မဟုတ်ဘဲ။ နည်းပညာပိုင်းမြင့်မားပြီး။ စက်ရုံတစ်ရုံကို ၂၄ နာရီ ပတ်လုံးနီးပါး လည်ပတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံသား လုပ်သားတွေ ရှိနေလို့ပါ။ တရုတ်နိုင်ငံသားတွေဟာ တစ်ခြားနိုင်ငံမှာ အောက်ခြေလူတန်းစား မလုပ်တတ်တာ ဘာ့ကြောင့်လဲ။ တစ်ခြားနိုင်ငံသားတွေကို ဘာလို့မခန့်သလဲ။ အဓိကက နိုင်ငံချစ်စိတ်ကြောင့်၊ လူမျိုးချစ်စိတ်ကြောင့်ပါ။ တစ်ခြားနိုင်ငံမှာ နည်းပညာပိုင်းလုပ်နေတဲ့တရုတ်တွေလဲ တစ်ချိန်မှာ တရုတ်ကို ပြန်ကြတာပါပဲ။ အဲ့တော့ မျက်စိဖွင့်၊ နားစွင့်ကြည့်လိုက်ပါ။ အခု ကော့သောင်းမှာ ပထမဦးဆုံး စတင် တည်ဆောက်တဲ့စက်ရုံရဲ့ mega watt ဟာ တရုတ်ရဲ့ တစ်သန်းပုံပုံရင် တစ်ပုံတောင် မရှိသေးပါဘူး။

၎။ မြန်မာနိုင်ငံကို ဒီနည်းပညာ ရောက်လာရင် အောင်မြင်စွာ လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်ရင် ကျွန်တော်တို့နိုင်ငံ ဘာတွေဖြစ်လာနိုင်လဲ။ မြန်မာနိုင်ငံတိုးတက်သွားနိုင်သလား၊ ဆုတ်ယုတ်သွားနိုင်သလား။ စဉ်းစားပါ။ အခုလျှပ်စစ်စက်ရုံကို တည်ဆောက်တဲ့သူဟာ ကော့သောင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့။ မြန်မာနိုင်ငံသားပါ။ စီးပွားရေးလုပ်ငန်းလုပ်ပြီး ကြီးပွားချင်ရင် သူ့မှာ တစ်ခြားနည်းလမ်းတွေ အများကြီးရှိပါလျှက်နဲ့ ဘာလို့ ဒီစက်ရုံကို တည်ဆောက်သလဲ။ သူ့ပိုက်ဆံသန်းနဲ့ချီပြီး ဒီစက်ရုံကို တည်ထောင်သလဲ။ တစ်ခြားနိုင်ငံသားဆိုရင်ထားပါ။ သူတစ်ခြားမြို့တွေမှာ သွားတည်ရင်ကော မဖြစ်ဘူးလား။ Result ကတော့ တစ်ခုတည်းပါ။ သူလည်းကော့သောင်းသားဖြစ်လို့ ကော့သောင်းမြို့ကြီးကို သံယောဇဉ်ရှိလို့၊ ကော့သောင်းကလူတွေကို တိုးတက်စေချင်လို့ လုပ်ဆောင်ပေးလိုက်တာပါ။ ဒါကို အတိုက်အခံလုပ်နေကြတဲ့သူတွေဟာ ဘာလို့လဲ။ ကို့စီးပွားရေးကြောင့်လား။ မတိုးတက်စေချင်လို့လား။ တကယ်တော့ ဒီလို အနစ်နာခံလုပ်ပေးတဲ့လူမျိုးကို လက်ကမ်းကြိုဆိုသင့်တာပါ။ မြန်မာပြည်အနှံ့ အဲ့လိုစက်ရုံတွေ ပိုပြီးများလာရင် ကျွန်တော်တို့အတွက် လူနေမှု့အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဒါတွေကို ထည့်စဉ်းစားပါ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထုတ်လုပ်အောင်မြင်သွားရင် အဲ့နည်းပညာကို သူကကော လက်ဆင့်ကမ်းမသွားဘူး တဲ့လား။ မြန်မာပြည်မှာကော ဒီနည်းပညာ မပြန့်ပွားသွားတော့ဘူးလား။ နိုင်ငံတစ်နိုင်ငံကို ရောက်လာတဲ့ နည်းပညာတိုင်းဟာ တိုးတက်သွားတာချည်းနီးပါးပါပဲ။ ခုအင်တာနက်ကို ကျွန်တော်တို့ ခင်ဗျားတို့ ဘာလို့သုံးနိုင်သလဲ။ အင်တာနက်ဆိုတာ ဘာလို့မြန်မာနိုင်ငံသားတွေ ရင်းနှီးလာသလဲ။ ရှေ့ကနေ အကုန်အကျခံပြီး။ နည်းပညာတွေ ပြည်တွင်းရောက်အောင် သယ်လာနိုင်ခဲ့လို့ ကျွန်တော်တို့တွေ ခုလိုအင်တာနက်ကို သုံးနိုင်လာတာပါ။ တကယ်လို့သာ ဒီနည်းပညာ မရောက်လာရင် ခုချိန်အထိ fax ထိုးတဲ့ခေတ်၊ လက်နှိပ်စက်ခေတ်ကနေ တိုးတက်လာမယ် မထင်ပါဘူး။ ခုဆိုရင် လူတော်တော်များများ ကွန်ပျူတာဆိုတာ သိလာပြီး။ နည်းပညာတွေ တိုးတက်လာတာ၊ ဒီပညာရပ်နဲ့ရပ်တည်လာနိုင်တာ ဘယ်သူတွေလာလုပ်သွားတာလဲ။ ဘယ်သူတွေက လာသင်ပေးနေတာလဲ။ ကိုယ့်နိုင်ငံသားအချင်းချင်း နည်းပညာတွေ လက်ဆင့်ကမ်းပြီး သင်တန်းတွေ ပေးနေကြလို့ဆိုတာ မမေ့ပါနဲ့။ အဲ့သင်တန်းတွေကကော ဘာကိုမှီခိုနေရသလဲ။ ပြန်စဉ်းစားဖို့တော့ လိုပါတယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။ တိုးတက်အောင်မြင်ဖို့ စတင်ဖြစ်ပေါ်လာတဲ့ ဒီလိုအခွင့်အရေးကို မကြိုဆိုပဲ လူမျိုးစုအများအတွက်မကြည့်ဘဲ။ လူနည်းစုအတွက်ပဲ ကြည့်နေရင်တော့ အဲ့လူနည်းစုပဲ ချမ်းသာသွားမှာပါ။ လူများစုအတွက် အကျိုးမရှိပါဘူး။

ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နှင့်ပြောခြင်းမျိုးမဟုတ်ဘဲ တိုးတက်ဖို့ အဓိကကျတဲ့ လျှပ်စစ်ဓါတ်အားကို ဈေးချိုချိုနှင့် သုံးနိုင်အောင် အကောင်အထည်ဖော်ပေးတဲ့သူကို ကြိုဆိုလိုက်ကြပါ။ ခေတ်မီအမြင်နဲ့ကြည့်လိုက်ကြပါ။ ကော့သောင်းမြို့ဟာ မီးအားကိုတောင် ထိုင်းနိုင်ငံကနေ မျှသုံးဖို့အထိ ဖြစ်ခဲ့ရတဲ့မြို့ပါ။ ခုပြောနေတာ ကော့သောင်းတစ်မြို့တည်းအတွက် မဟုတ်ဘူးနော်။ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုလုံးအတွက် စတင်လာတဲ့ မျိုးစေ့လေးတစ်စေ့ဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော့်အနေနှင့် ပြောပြမိတာ တစ်ခုပါ။


အားလုံးအမြင်မှန်ရပြီး အနာဂတ်အတွက် အကျိုးမျှော်ကိုးနိုင်ပါစေလို့ ဆုတောင်းရင်း မြန်မာနိုင်ငံ သားတွေ  အားလုံးကိုယ့်တိုင်းပြည်မှာ ပြန်လည်အလုပ်လုပ်နိုင်ပြီး ကိုယ့်တိုင်းပြည် ကောင်းကျိုးအမြန်ဆုံးပြုနိုင်ပါစေလို့ လည်းဆုတောင်းရင်း ............
စေတနာများစွာဖြင့်
ညီနေမင်း(နည်းပညာ)
http://www.nyinaymin.org/2012/08/blog-post_13.html