Wednesday, August 1, 2012

မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခြင်း


၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈)ရက် (ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်)၊ ဗုဒ္ဓဟူးနေ့ နံနက် (၅) နာရီအချိန်တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ၀ါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် မြိတ်မြို့နယ်၊ ရက်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ၄င်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မနက် (၈) နာရီအချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။





(သတင်းမှတ်တမ်းပေးပို့သော mr.outbrave@gmail.com အား ကျေးဇူးတင်ရှိပါသည်)