Showing posts with label ကျွန်းစုမြို့နယ်. Show all posts
Showing posts with label ကျွန်းစုမြို့နယ်. Show all posts

Tuesday, October 9, 2012

♣ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာမှာ (ပယောဂ) ဆရာကြမ်းကုလို့ သေဆုံးသွားတဲ့အမှု အမိန့်ချမှတ်လိုက်ပါပြီ... ♣


♣ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာမှာ (ပယောဂ) ဆရာကြမ်းကုလို့ သေဆုံးသွားတဲ့အမှု အမိန့်ချမှတ်လိုက်ပါပြီ…♣

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာ ကျွန်းစုမြို့နယ်အတွင်း (ပယောဂ) ဆရာကြမ်း ဆေးကုသ၍ သေဆုံးသွားတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ တော်တော်များများ သိကြပါတယ်… ဆေးကုသနေစဉ်အတောအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုအခွေကိုလည်း ကြည့်ခဲ့ဖူးတဲ့သူတွေ ရှိကြမှာပါ… အဲဒီ ဆရာကြမ်းနဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးလည်း ပေးခဲ့ကြပါတယ်…

ဒီခေတ် ဒီအချိန်အခါတွေမှာ ဆေးပညာပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး အယူလွဲမှားမှုများ၊ ရှေးရိုးစွဲအနေဖြင့် တစ်ချို့ကိစ္စတွေမှာ မမှားအပ်သည့် အမှားများ၊ ကျေးလက်ဒေသများတွင် နေထိုင်မှုများကြောင့် ခေတ်နောက်ကျခြင်းများ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အောက်ဖေါ်ပြပါ မှုခင်းတွေ ဖြစ်ခဲ့ရပါတယ်… ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ရေးသားဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်…

• တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် ဖြစ်ပွါးခဲ့သော အောက်လမ်းပညာ (ပယောဂ) ဆေးကုရာမှ သူသတ်မှုဖြစ်ပွါးခြင်းအား မြိတ်ခရိုင်၊ ဒု-ခရိုင်တရားရုံးမှ ၈-၁၀-၂၀၁၂ ရက်နေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။

• ဖြစ်စဉ်မှာ- တရားလိုဖြစ်သူ မထွေးယုမှ ၄င်းတွင်ခံစားနေရသော မိန်းမရောဂါအား ဆေးကုရန်အတွက် ခင်ပွန်းဖြစ်သူ ကိုကျော်စိုးမှ ကန့်တလူရွာနေ အောက်လမ်းဆေးကုသော ဆရာမဲကြီးဆိုသူအား ခေါ်ဆောင်လာခဲ့ပါသည်။ ထို့အပြင် မထွေးယု၏အစ်မဖြစ်သူ ပထော်ကျေးရွာနေ မသန်းနု (သေဆုံးသူ) အားလည်း စုန်းဝင်ပူးသည် ဆိုသည့်ရောဂါဖြင့် ၂၄-၄-၂၀၁၂ ရက်နေ့မှစတင်၍ ကမ်းကြီးကျေးရွာတွင်ဆေးကုရင်း ၂၈-၄-၂၀၁၂ ရက်နေ့တွင် မသန်းနုမှာ သေဆုံးသွားခဲ့ပါသည်။ ထိုသို့ဆေးကုရာတွင် ဆရာမဲကြီးမှ မသန်းနုအား ရင်ကန်းသား၊ ၀ါးလုံး၊ ရေပိုက်ပျော့တို့ဖြင့် ရိုက်နှက်ခြင်း၊ နားထင်သို့ ဓါးဖြင့် (၁)ချက် ခုတ်ခြင်း၊ အရက်တိုက်ခြင်း အစရှိသည့် ကုသမှုများကြောင့် မသန်းနုမှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပါသည်။

ဆရာမဲကြီးနှင့်အတူ ကိုကျော်စိုး (တရားလို၏ခင်ပွန်း)၊ ကိုကျော်ထွန်း (ကိုကျော်စိုး၏ယောက်ဖ)တို့အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၂၉-၄-၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မေလတွင် မြိတ်ခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂/၁၁၄ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ပါသည်။ အဆိုပါအမှုအား မြိတ်ခရိုင်၊ ဒု-ခရိုင်တရားရုံးမှ ပြစ်မှုကြီးအမှတ် - ၃၀/၂၀၁၂ ဖြင့်လက်ခံစစ်ဆေးခဲ့ပြီး ၈-၁၀-၂၀၁၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ

၁။       တရားခံ မဲကြီးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်၊
၂။       တရားခံ ကျော်စိုးနှင့် ကျော်ထွန်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂)/၁၁၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၈)နှစ်စီ အသီးသီး ဥပဒေနှင့်အညီ အမိန့်ချမှတ်ခဲ့ပါသည်။

Monday, October 8, 2012

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် ပါတီမှခွါထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သို့ ပူးပေါင်း


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် ပါတီမှ ခွါထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) သို့ ပူးပေါင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဦးဖိုးကြည် သည်  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပူးပေါင်းလိုက်ပါသည်။ NDF ဥက္ကဌ ဦးခင်မောင်ဆွေမှ ပြီးခဲ့သည့် တစ်ပတ်ခန့်က မိမိပါတီအား လာရောက်ပူးပေါင်းမှုကို ခွင့်ပြုခဲ့ပြီး NDF ပါတီအနေဖြင့် တရားဝင် စာရောက်ရှိလို့ လာခဲ့ပြီဖြစ်သည်။ NLD မှ ခွါထွက်ပြီး NDF သို့ ၀င်ရောက်သည်မှာ ဦးဖိုးကြည် အပါအ၀င် ကိုနိုင်ဦး၊ ကိုကျော်စွာ စသည့် အပေါင်းအပါများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအချိန်ကတည်းကပင် ကျွန်းစုမြို့နယ် NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်တင်တင်ရီနှင့် ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်နေသည်မှာ တော်တော်ပင် ကြီးထွားလို့လာခဲ့ပါသည်။ ငွေကြေးကိစ္စများ၊ အာဏာလုသည့် ကိစ္စများ စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဒေါ်တင်တင်ရီနှင့် အပေါင်းအပါများအား မကျေနပ်ကြသောကြောင့် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် မှာ ပါတီတွင်း ပြဿနာများစွာ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရပါသည်။ ယခုဆိုလျှင် ကျွန်းစုမြို့နယ်မှ NLD ပါတီဥက္ကဌ ဦးဖိုးကြည်နှင့် အပေါင်းအပါများ NDF သို့ စတင်၍ ခြေလှမ်းများ လျှောက်လှမ်းလို့လာခဲ့ပါပြီ…

 
ကျွန်းစုမြို့နယ်၊ ဥက္ကဌ ဦးဖိုးကြည်