Monday, October 1, 2012

♥ မြိတ်မြို့၊ သံသရာအေးဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွင် ကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် ♥

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် နေ့တွင် မြိတ်ကွန်ပျူတာအသင်းမှ သံသရာအေး ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းရှိ ကျောင်းသား/သူများအား သင်ကြားပေးလျှက်ရှိ

သော ကွန်ပျူတာသင်တန်း၏ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
သင်တန်းသားများအား နံနက်ပိုင်းတွင် သင်ကြားမှုသင်ခန်းစာများ၊ ဥာဏ်စမ်းမေးခွန်းများနှင့်ပတ်သက်ပြီး စာမေးပွဲဖြေဆိုခဲ့ကြပါသည်။ သင်တန်းဆင်းပွဲကို နေ့လည် (၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး သံသရာအေးဆရာတော်မှ သြ၀ါဒများ မိန့်ကြားပေးခဲ့ပါသည်။ ထို့နောက် ဖြေဆိုခဲ့သောရမှတ်များအလိုက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် ဆုများကို မြိတ်ကွန်ပျူတာအသင်းမှ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Photo: ♥ မြိတ်မြို့၊ သံသရာအေးဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွင် ကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် ♥
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် နေ့တွင် မြိတ်ကွန်ပျူတာအသင်းမှ သံသရာအေး ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းရှိ ကျောင်းသား/သူများအား သင်ကြားပေးလျှက်ရှိသော ကွန်ပျူတာသင်တန်း၏ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။