Saturday, October 13, 2012

မြိတ်မြို့၌ ကားများ၊ နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးသူ လူငယ်အဖွဲ့ ဖမ်းဆီးမိခြင်း



• မြိတ်မြို့၌ ကားများ၊ နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးသူလူငယ်အဖွဲ့ ဖမ်းဆီးမိခြင်း•

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ၁၀-၁၀-၂၀၁၂ ရက်နေ့ ည တွင် ကားမှန်များ၊နေအိမ်များ၊ ရုံးများနှင့် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံဖျက်ဆီးမှုများ ပေါ်ပေါက်ခဲ့ပါသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေညာမောင်၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များမှ ၁၂-၁၀-၂၀၁၂ ရက်နေ့တွင် လမ်းဘေးတွင် ရပ်ထားသော ကားများနှင့် နေအိမ်မှန်များအား ခဲများဖြင့် ပစ်ပေါက်သူ အောက်ပါ လူငယ် (၄)ဦးအား ဖမ်းဆီး၍ မြိတ်၊ မြို့မရဲစခန်းမှ (ပ) ၅၄၃/ ၁၂၊ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရှိရပါသည်။
၁။ အာကာနီဝင်း (ခ) အာကာ၊ (၁၉)နှစ်၊ (ဘ) ဦးနီဝင်း၊ ပိတောက်လမ်း၊ မြို့မရပ်ကွက်၊ မြိတ်တောင်နယ်မြေ၊ မြိတ်မြို့။
၂။ ညီနိုင်ဖြိုး (ခ) ကဖြိုး၊ (၁၈)နှစ်၊ (ဘ) ဦးမြင့်သောင်း၊ ချမ်းမြေ့ဆေးခန်းလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။
၃။ ဖြိုးဇော်ဦး (ခ) လီးတို၊ (၁၈)နှစ်၊ (ဘ) ဦးညွန့်လွင်၊ တပ်ပြင်ဈေးလမ်း၊ တပ်ပြင်ရပ်ကွက်၊ မြိတ်မြို့။
၎။ ကလုံး (ခ) လုံးငယ်၊ (၁၉)နှစ်၊ (ဘ) ဦးခေါင်းခွေ၊ ဈေးတန်းရပ်၊ မြိတ်မြို့။