Friday, September 21, 2012

• • မြန်မာ့ဆက်သွယ်ရေး CDMA 450 MHz (၁၇ သိန်းခွဲတန်) ဖုန်းတွေကို ဘယ်လိုတာဝန်ယူမှာလဲ..• •

ကမ်းရိုးတန်းသုံး CDMA 450 (09876….) နဲ့ပတ်သက်ပြီး ကျနော် ဖေါ်ပြခဲ့ပြီးပါပြီ.. အခု လာမည့်လထဲမှာ တန်ဖိုးနည်း CDMA 800 MHz ကို ကျပ် ၁၃၀၀၀၀ နဲ့ ရောင်းချပေးမယ်လို့ ဂျာနယ်တွေမှာ ဖေါ်ပြတာ တွေ့ရပါတယ်.. အင်တာနက် ၀န်ဆောင်မှုကိုပါ တစ်ခါတည်း ပြုလုပ်ပေးမယ်လို့လည်း ရေးထားပါတယ်.. ဒီသတင်းနှင့်ပတ်သက်ပြီး ၀မ်းမြောက်မိတာတော့ အမှန်ပါပဲ့.. ဖုန်းတွေ တန်ဖိုးနည်းနည်းနဲ့ သုံးစွဲခွင့်ရလေ ပိုကောင်းလေပဲ့ပေါ့..

ဒါပေမယ့် ကျနော်တို့ မြိတ်မြို့မှာ (အခြားမြို့များလည်း အပါ) အရင်က ငှားရမ်းသုံးစွဲခွင့်ပြုခဲ့တဲ့ CDMA 450 MHz ကို ဘဏ်သွင်းငွေ ၁၅ သိန်းခွဲ.. ပြီးတော့ တိုင်းရန်ပုံငွေဆိုပြီးတော့ ကျပ် ၂ သိန်း.. စုစုပေါင်း ၁၇ သိန်းခွဲနဲ့ သုံးစွဲခဲ့ရပါတယ်.. အခု ၁ သိန်း ၃ သောင်းတန်တွေထွက်လာရင် အင်တာနက်ပါ ရတယ်ဆိုတော့ အဲဒီ ၁၇ သိန်းခွဲတန်တွေက ဘာဝန်ဆောင်မှုမှ မရှိဘူးဆိုတော့ အခုထွက်တဲ့ ဖုန်းတန်ဖိုးအောက်ကိုတောင် ရောက်သွားပြီပေါ့..

ဒီ ၁၇ သိန်းခွဲတန်တွေမှာ prepaid card စနစ်ပြောင်းတဲ့အချိန်ကလည်း ပိုက်ဆံကို ဘယ်လိုပုံစံနဲ့ တောင်းမှန်းကိုမသိဘူး.. တောင်းချင်သလို တောင်းနေသလိုပဲ.. ပြောလိုက်ရင် အကြွေးအကျန်ဆိုပြီးတော့ အသေးစိတ်လည်း မပြဘူး..ပိုက်ဆံမသွင်းနိုင်တဲ့ဖုန်းတွေကို လိုင်းက ပိတ်လိုက်သေးတယ်.. သူ့အမေ ကြီးတော်လင် မြန်မာ့ဆက်သွယ်ရေးက အလကားပေးထားတာ ကျနေတာပဲ.. ၁၇ သိန်းခွဲသွင်းပြီးတော့ ဘာမှလည်း ၀န်ဆောင်မှုမရသေးဘူး.. ကဲ မြန်မာ့ဆက်သွယ်ရေး အဲဒီ ၁၇ သိန်းခွဲတန်တွေကို ဘယ်လိုဝန်ဆောင်မှု ပေးမလဲကြာလာလေလေ ပြည်သူတွေအပေါ် လိမ်လည်မှု ပေါ်လာလေပဲ.. ပြောပြန်ရင်လည်း အရင်အစိုးရခေါင်းကို ပုံချချင်သေးတယ်.. ဘယ်အစိုးရဘဲဖြစ်ဖြစ် ဒီဖုန်းတွေနဲ့ ပတ်သက်ပြီး တာဝန်ယူစေချင်တယ်.. ငှားရမ်းသုံးစွဲခွင့်ကို ပြန်အပ်ရင်လည်း လက်မခံဘူး.. ကဲ မြန်မာ့ဆက်သွယ်ရေး.. ပြည်သူတွေကို ဘယ်အတိုင်းအတာထိ လိမ်နေအုံးမှာလဲ.. ဘယ်လိုတာဝန်ယူမှာလဲဘယ်လို ၀န်ဆောင်မှုတွေ ပေးမှာလဲဒါပဲပြော.. ကြာလေ ဒေါကန်လေပဲ..

https://www.facebook.com/tanintharyi.thar