Friday, September 21, 2012

♥ မြိတ်ကွန်ပျူတာအသင်း ♥

မြိတ်မြို့တွင် ကွန်ပျူတာနည်းပညာများ တိုးတက်ပြန့်ပွါးရေးကို အခြေပြု၍ အများအကျိုးပြု လုပ်ငန်းများကို ပြုလုပ်နိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားဟောင်းများ ဦးဆောင်၍ မြိတ်ကွန်ပျူတာအသင်းကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ မြိတ်ကွန်ပျူတာအသင်းကို အသင်းဖွဲ့စည်းခွင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း တရားဝင်အသင်းအဖြစ် ဖွဲ့စည်းခွင့်ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြိတ်ကွန်ပျူတာအသင်းကို ကွန်ပျူတာနည်းပညာစိတ်ဝင်စားသူများ၊ အများအကျိုးပြု လုပ်ငန်း ပြုလုပ်လိုသူများ မည်သူမဆို ပါဝင်နိုင်ပါသည်။ ယခုအနေဖြင့်လည်း မြိတ်ကွန်ပျူတာ အသင်းဝင်များ၏ ကွန်ပျူတာများ တတ်အားသရွေ့စုဆောင်းပြီး သံသရာအေး ဘုန်းတော်ကြီး ပညာသင်ကျောင်းရှိ ကျောင်းသား/သူများအား ကွန်ပျူတာသင်ကြားပေးလျှက်ရှိပြီး အများအကျိုးပြု လုပ်ငန်းများနှင့် အလှူဒါနများလည်း ပြုလုပ်လျှက်ရှိနေပါသည်။ မကြာမှီအချိန်တွင်လည်း ကွန်ပျူတာ နည်းပညာ ဆွေးနွေး/ဟောပြောပွဲ ပြုလုပ်ရန် ရည်ရွယ်ထားသည်ကိုလည်း သိရှိရပါသည်။
သို့ပါသောကြောင့် မြိတ်ကွန်ပျူတာအသင်း၏ အများအကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မြင့် ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်မြို့နေပြည်သူများ တတ်အားသရွေ့ ပါဝင် ကူညီပေးကြရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
••• ဆက်သွယ်ရန်••• https://www.facebook.com/myeikcomputerassociation 

https://www.facebook.com/tanintharyi.thar