Tuesday, July 24, 2012

NLD ပါတီရုံးမှာ နိုင်ငံတော်အလံမရှိခြင်းနှင့် လုပ်ဆောင်ချက်များ ထင်မြင်ချက်

အကျဉ်းချုံးထားတဲ့ အတွေးအမြင်လေးတစ်ခုပါ....
ပါတီတစ်ခုဆိုတာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပြုလုပ်ပေးဖို့အတွက် ကိုယ်စားပြုပြီး ဖွဲ့စည်းထားတယ်လို့ ထင်ပါတယ်... ပြည်သူတွေကလည်း ကိုယ်တိုင်ပါဝင်လုပ်ဆောင်အကျိုးပြုချင်လို့ မိမိနှစ်သက်ယုံကြည်ရာပါတီတွေမှာ ၀င်ရောက်ကြပါတယ်...
ဒါကြောင့် ပါတီဟာ ပြည်သူ့အရေးကို ဆောင်ပါတယ်... ပြည်သူ့အရေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားအရေးပါပဲ... တနည်းအားဖြင့် ပါတီဝင်တစ်ယောက်နေနဲ့ ပြောရမယ်ဆိုရင် ကိုယ့်အရေးထက် ပါတီအရေးဟာ အရေးကြီးပါတယ်... ထို့အတူ ပါတီအရေးထက် အမျိုးသားနိုင်ငံရေးဟာ ပိုမိုအရေးကြီးပါတယ်... ပါတီဟာ ပါတီအရေးထက် အမျိုးသားနိုင်ငံရေးကို အလေးထားဆောင်ရွက်မည်ဆို ပါက ပါတီရုံးတွေမှာ ပါတီအလံအပြင် နိုင်ငံတော်ရဲ့ အလံကိုပါ လွှင့်ထူထားသင့်ပါတယ်... အခုတွေ့ရသလောက် NLD ပါတီရုံးတွေမှာ နိုင်ငံတော်အလံလွှင့်ထူထားတာ မတွေ့ရသေးပါဘူး... ဒါဟာ အမျိုးသားနိုင်ငံရေးကို အလေးမထားရာသက်ရောက်ပါတယ်... ပါတီကောင်းစားရေး အတွက်ပဲ ပြုမှုဆောင်ရွက်သလို ဖြစ်ပါတယ်.. ပြီးတော့ ရပ်ကွက်နယ်မြေအလိုက် ပါတီရုံးခွဲတွေ ဖွင့်ရာမှာလည်း ပါတီဝင်တွေဆီမှာ ပိုက်ဆံကောက်တာ အလှူလိုက်ခံတာတွေဟာ ပါတီဝင်အနေဖြင့် ကိုယ့်ပါတီအတွက် ပိုက်ဆံထည့်ပေးရတာ မများပေမယ့်လည်း ပါတီဝင်ဟာ ပြည်သူပါပဲ.. ပါတီက ပြည်သူတွေအတွက်ပဲ လုပ်ပေးရမှာ.. အခုက ပြည်သူတွေက ပါတီကောင်းစားရေးအတွက် လုပ်ပေးနေရတယ်.. ပါတီကပဲ ပြည်သူ့အကျိုးကို ပြုရမှာလေ.. ပြည်သူက ပါတီအကျိုးပြုရမှာ မဟုတ်ဘူး... ပြီးတော့ ပိုက်ဆံကို အကြောင်းအမျိုးမျိုးပြပြီး ကောက်ခံနေတာဟာ မသင့်တော်ပါဘူး.. စာရင်းရှင်းတမ်းလည်း တစ်ခါမှ ရှင်းရှင်းလင်းလင်း မပြုလုပ်ဘူး.. ကြားဖြတ်ရွေးကောက်ပွဲ ပိုက်ဆံအရှုပ်အရှင်းပြဿနာလည်း အခုထိဘာမှ မသိရသေးဘူး... နည်းနည်းတော့ တိတိကျကျ လုပ်သင့်စေချင်ပါတယ်.. ဒါမှ ယုံကြည်မှုတွေ ပိုမိုတိုးပွါးလာမှာပါ.. ပါတီကို ယုံပေမယ့် လုပ်နေတဲ့သူတွေကို မယုံကြည်သလို ဖြစ်လာပါလိမ့်မယ်...
နိုင်ငံတော်အလံလွှင့်ထူခြင်းမရှိတဲ့ NLD ပါတီက အာဇာနည်နေ့ကျမှပဲ နိုင်ငံတော်အလံကို အသုံးပြုတာ တွေ့ရပါတယ်... အပြောနဲ့အလုပ် လက်တွေ့ကျပြီးတော့ အမျိုးသားနိုင်ငံရေးကို ဦးစားပေးတဲ့ ပါတီဖြစ်ပါစေလို့ပဲ မျှော်လင့်နေမိပါတယ်..