Tuesday, July 24, 2012

မြိတ်မြို့ အာဇာနည်နေ့မှ လုပ်ဆောင်ချက်တစ်ချို့

အာဇာနည်နေ့ဆိုတာ ၀မ်းနည်းခြင်း အမှတ်တရနေ့တစ်နေ့ပါ... အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ၀မ်းနည်းခြင်းဖြင့် ငြိမ်သက်စွာ အလေးပြုတာတွေကို အမှတ်တရပြုလုပ်ပေးတာတွေကို များစွာဝမ်းသာမိပါတယ်... ဒါပေမယ့် အာဇာနည်နေ့ကို ခုတုံးလုပ်ပြီး မြို့တွင်းမှာ ကား၊ ဆိုင်ကယ်တွေမှာ ဟွန်းသံအကျယ်ကြီးတီးပြီး ပျော်ပွဲရွှင်ပွဲလှည့်လည် သလို အော်ဟစ်သွားလာတာဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်... အာဇာနည်ခေါင်းဆောင်ကြီးတွေ ကို စော်ကားရာကျရောက်ပါတယ်... ထိုအပြုအမှုတွေကို ပြုလုပ်တဲ့သက်ဆိုင်သူများ ပြန်လည် ဆန်းစစ်စေလိုပါတယ်...