Tuesday, July 24, 2012

မြိတ်မြို့ရှိ ဗလီများ၏ အသံချဲ့စက်များ

ဘာသာရေးနှင့်ပတ်သက်၍ ထိခိုက်စေလိုခြင်းဖြင့် ရေးသားတင်ပြခြင်းမဟုတ်ပါ...
မြိတ်မြို့ရှိဗလီများ၌တပ်ဆင်ထားသောအသံချဲ့စက်များမှာ အလွန်ပင် အသံကျယ်လွန်းနေပါသော ကြောင့် ပတ်ဝန်းကျင်ကို များစွာပင် အနှောက်အယှက်ဖြစ်စေပါသည်။ ပိုမို၍ဆိုးဝါးသည်မှာ သာမန်အချိန်များထက် မနက်အာရုံ ၄း၁၅ နာရီအချိန်တွင် အသံကျယ်လောင်ခြင်းသည် ပတ်ဝန်းကျင်ရှိ ကျန်းမာရေး နာမကျန်းသူ များ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသား/သူများနှင့် ကလေးသူငယ်များကို များစွာပင် အနှောင့်အယှက်ဖစ်စေပါသောကြောင့် လိုသည်ထက်ပိုမိုနေသော အသံကို လျှော့ချပေးစေလိုပါသည်။ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၅) လမ်းထိပ်ရှိ ဈေးခေါင်းဂျာမေဗလီမှာ ပိုမို၍ အသံကျယ်ကြောင်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများမှာ များစွာပင်သီးခံရကြောင်းကို သိရှိရပါသည်။ နောက်လယ်ရပ် ကွက် နေထိုင်သူများ ၏ ပြောကြားချက်အရ ဗလီအော်သောအချိန်များမှာ-
Fajr-04:15 AM, Zuhr-12:45 PM, Asr- 03:30 PM, Maghrib-06:15 PM, Isha-07:30 PM
ဖြစ်ကြောင်း သိရှိရပါသည်။ (အချိန်အပြောင်းအလဲ အနည်းငယ်ရှိပါသည်)
အသံကျယ်လွန်းလှသော နောက်လယ်ရပ်ရှိ ဂျာမေဗလီ